Saturday, July 13, 2013

Junction Square Shopping Center













Junction Square Shopping Center ကို ၂၀၁၂ ခုနှစ် မတ်လ မှာ စတင်ဖွင့်လှစ်ခဲ့ပါသည် ။ Branded ပစ္စည်းများကို ရောင်းချသော ဆိုင်များ ၊ လူသုံးကုန်အမျိုးမျိုးကို ရောင်းချသော ဆိုင်များ ၊ ကလေးများ ကစားနိုင်သော ကလေးကစားကွင်း ၊ ရေတံခွန် ၊ စားသောက်ဆိုင်ခန်းများ နှင့် ရုပ်ရှင်ရုံများ အစရှိသဖြင့် ပါဝင်သော နိုင်ငံတကာ အဆင့်အတန်းမီ Shopping Center ကြီးဖြစ်သည် ။ 

Junction Square ပရဝှဏ် အတွင်းတွင် သင်တန်းကျောင်းများ ၊ ဘဏ်များ နှင့် လူသုံးကုန်များ ရောင်းချသော ဆိုင်ခန်းကျယ်ကြီး များလည်း ရှိသေးသည် ။ Junction Square Shopping Center သည် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား အနီးအနားတွင် တည်ရှိပြီး ဧရိယာ အကျယ်အဝန်းမှာ ၂၈၆၆၁၈ စတုရန်းပေ ကျယ်ဝန်းသည် ။ 

Junction Square သည် အမျိုးအစား စုံလင်လှစွာသော စားသောက်ကုန်များ ၊ လူသုံးကုန် ပစ္စည်းများ နှင့် Branded ပစ္စည်းများကို တစ်နေရာတည်းတွင် ရရှိနိုင်သော Shopping Center ကြီးလည်း ဖြစ်သည် ။ ဈေးဝယ်သောသူများ လုံခြုံစိတ်ချစွာ ဈေးဝယ်နိုင်ရန်အတွက် လုံခြုံရေးများ နှင့် CCTV ကင်မရာ များကိုလည်း တပ်ဆင်ထားသည် ။ အကယ်၍ မီးလောင်ခဲ့လျှင်လည်း အရေးပေါ် ထွက်ပေါက်များ ၊ ရေပိုက်များ ၊ မီးခိုးအငွေ့ခံစက်များကိုလည်း တပ်ဆင်ထားသေးသည် ။ ထို့အပြင် Shopping Center သို့ လာရောက်သော မော်တော်ကားများအတွက် အစီး ၄၀၀ ဆန့်သော Car Parking ကြီးလည်း ရှိသည် ။ ကြိုးမဲ့ အင်တာနက် စနစ်ကို လည်း အခမဲ့ သုံးစွဲခွင့် ပေးထားသည် ။ မြေညီထပ်တွင် Promotiion ပွဲများအားလည်း အပတ်စဉ် ကျင်းပလျက်ရှိသည် ။ ထို့ ကြောင့် Junction Square Shopping Center သည် နိုင်ငံတကာအဆင့်မှီ Shopping Center ကြီး တစ်ခု ဖြစ်ပေတော့သည် ။

No comments:

Post a Comment