Sunday, July 21, 2013

မိုးအောင်ရင်

မိုးအောင်ရင် သည် မြန်မာပြည်မှ အောင်မြင် ကျော်ကြားသူ အနုပညာရှင် တစ်ယောက်ဖြစ်သည် ။ သူ့ရဲ့ မွေးနေ့ကတော့ ၁၃ ရက် သြဂုတ် ၁၉၈၇ ဖြစ်ပြီး အဖ ဦးအောင်ရင် ( ဗမာ အဆိုတော် ) နှင့် အမိ ဒေါ်မိုးသင်ဇာမြင့် တို့၏ သားတစ်ဦးလည်း ဖြစ်သည် ။ သူ့တွင် ညီမတစ်ဦး ရှိပြီး သူမ၏ နာမည်မှာ သင်ဇာအောင်ရင် ဖြစ်သည် ။ မိုးအောင်ရင် သည် T.T.C ( Teacher Training Center ) နှင့် I.L.B.C ( International language and Business Center ) များတွင် ပညာသင်ကြားခဲ့ပြီး ထို ပညာရေးများ ပြီးဆုံးလျှင် အင်္ဂလန်၌ ကျောင်းဆက်တက်ရန် စိတ်ကူးခဲ့သည် ။

သို့ပေမဲ့ ကျောင်းများ ပြီးဆုံးချိန်တွင်တော့ မိုးအောင်ရင် ဟာ သူ့ရဲ့ စိတ်ကူးကို ပြောင်းလဲ ခဲ့သည် ။ အဲဒီနောက် သူဟာ နှစ်အနည်းငယ် အတွင်းမှာပဲ သရုပ်ဆောင် တစ်ယောက် ဖြစ်လာပြီး Lucky Seven ဗီဒီယို ထုတ်လုပ်ရေး နှင့် စာချုပ်ချုပ်ဆိုကာ အနုပညာအလုပ်ကို လုပ်ကိုင်ခဲ့သည် ။ ထိုအချိန်တွင် သူ၏ အသက်မှာ ၂၀ ပင် ရှိသေးသည် ။ သူ ပထမဆုံး ရိုက်ကူးသော “ ငါးစိမ်းသည်မသား ” ဗီဒီယို ဇာတ်ကားသည် မြန်မာပြည်တွင် အရောင်းရဆုံး ဇာတ်ကားတစ်ကား ဖြစ်ခဲ့သည် ။

မိုးအောင်ရင် သည် သူ၏ အားလပ်ချိန်များတွင် ဂိမ်းကစားခြင်း ၊ ရုပ်ရှင်များ ကြည့်ခြင်းဖြင့် အနားယူတတ်သည် ။ ထို့အပြင် သူသည် သီချင်းများ နားထောင်ရခြင်းကိုလည်း နှစ်သက်ပြီး အိမ်မွေးတိရိစ္ဆာန် ဖြစ်သော ခွေးကိုလည်း ချစ်သည် ။ သူသာ သရုပ်ဆောင် တစ်ယောက်ဖြစ်မလာခဲ့ဘူး ဆိုရင် ဒီအချိန်မှာ Pilot တစ်ယောက်ဖြစ်နေလောက်ပြီဟု သူပြောခဲ့သေးသည် ။ မိုးအောင်ရင် ၏ E-mail Address မှာ moeagyin@gmail.com ဖြစ်သည် ။

No comments:

Post a Comment