Tuesday, July 23, 2013

သက်မွန်မြင့်


သက်မွန်မြင့် ဆိုသူ မိန်ကလေးကတော့ မြန်မာနိုင်ငံရဲ့ ကျော်ကြားသော ရုပ်ရှင် မင်းသမီး နှင့် ကြေငြာမော်ဒယ်လ် တစ်ဦး ဖြစ်သည် ။ သူမဟာ ၁၉၈၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မွေဖွားခဲ့သူ တစ်ဥိး ဖြစ်ပြီး မော်ဒယ်လ် ဘဝဖြင့် အနုပညာအလုပ်များကို စတင် လုပ်ခဲ့သူလည်း ဖြစ်သည် ။ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ပြီး ဘာသာရေးအလုပ်ကိုလည်း စိတ်ပါဝင်စားစွာ လုပ်တတ်သူလည်း ဖြစ်သည် ။

သူမသည် သီချင်းနားထောင်ခြင်းကိုလည်း ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်သည် ။ သက်မွန်မြင့်သည် ချင်း-ဗမာ တစ်ဦးဖြစ်ပြီး သူမ၏ ချင်းနာမည်မှာ Zang Cer Mawi ဖြစ်သည် ။ ထို့ကြောင့် သူမသည် စကားပြောသည့် အခါများတွင် ချင်းသံဝဲနေပြီး ဖြစ်သည် ။ ထို အသံကြောင့် သူမ၏ ရိုက်ကူးရေး အဖွဲ့များနှင့် ဆက်ဆံရာတွင် အခက်အခဲတစ်ချို့ ရှိခဲ့သော်လည်း ယခု အခါတွင် အဆင်ပြေနေပြီလည်း ဖြစ်သည် ။ သူမသည် ရုပ်ရှင် ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ကျော် ကိုလည်း ရိုက်ကူးထားပြီး  character မျိုးစုံကိုလည်း သရုပ်ဆောင်ထားပြီး ဖြစ်သည် ။

၂၀၁၂ ခုနှစ်မှာတော့ သူမအတွက် ပထမဦးဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ( ဇာတ်ဆောင် ) ကို  အာဒံ ဧဝ ဒဿ ဇာတ်ကားဖြင့် ရရှိခဲ့သည် ။ ထိုဇာတ်ကားသည် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ၃ ဆု တိတိ ဆွတ်ခူးနိုင်ခဲ့သော ဇာတ်ကားလည်း ဖြစ်သည် ။ သရုပ်ဆောင်မင်းသား ပြေတီဦးမှ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ( ဇာတ်ဆောင် ) ဖြင့် လည်းကောင်း ၊ သရုပ်ဆောင် မင်းသမီး သက်မွန်မြင့် မှ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ( ဇာတ်ဆောင် ) ဖြင့်လည်းကောင်း ၊ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ( အကောင်းဆုံး ဇာတ်ကား ) အဖြစ်လည်းကောင်း အသီးသီး ရရှိခဲ့ခြင်း ဖြစ်သည် ။ သက်မွန်မြင့် သည် များပြားလှသော မဂ္ဂဇင်း Cover များ နှင့် ကြေငြာများတွင်လည်း ပါဝင် သရုပ်ဆောင်ထားသည် ။ ၂၀၁၃ ခုနှစ် ဧပြီလတွင် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ Show ပွဲတွင်လည်း အတူပါဝင်ကာ သီဆိုဖျော်ဖြေ ခဲ့သည် ။

No comments:

Post a Comment