Wednesday, August 14, 2013

America's Got Talent Show













America's Got Talent ကတော့ United State ရဲ့ အအောင်မြင်ဆုံး Reality Television Show တစ်ခု ဆိုလည်း မမှားပါဘူး ။ NBC Television Network ကနေ တရားဝင် ပြသနေပြီး British Got Talent ရဲ့ Franchise တစ်ခု လည်းဖြစ်သည် ။

America's Got Talent ဟာ Talent Show တစ်ခုဖြစ်ပြီး သီချင်းသီဆိုခြင်း ၊ အကအလှပြိုင်ခြင်း ၊ မျက်လှည့် ပညာ ၊ ဟာသပညာ နှင့် တခြား သော သရုပ်ဆောင်ပညာအမျိုးမျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်သော Talent Show တစ်ခု ဖြစ်သည် ။ ၂၀၀၆ ခုနှစ် ဇွန်လမှ စတင်ခဲ့ခြင်း ဖြစ်ပြီး Season 3 မှ စ၍ ပထမဆု ရရှိသူအား အမေရိကန် ဒေါ်လာ ၁ သန်း နှင့် Las Vegas တွင် Show ပွဲ တစ်ခု စီစဉ်ကျင်းပခွင့် ပေးမှာ ဖြစ်သည် ။ 

ပြိုင်ပွဲ၏ ကထမ အဆင့်များတွင် မြို့အသီးသီး ၌ ဒိုင်လူကြီးများမှ ပရိသတ်များ ရှေ့မှောက်တွင် အကဲဖြတ်၍ အဆုံးအဖြတ်ပေးမည် ဖြစ်သည် ။ ဒုတိယ အဆင့် အနေဖြင့် Las Vegas တွင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ထိုအဆင့်တွင် ပရိသတ်များ မပါတော့ဘဲ ဒိုင်လူကြီးများကသာ ဆုံးဖြတ်၍ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည် ။ ကွာတားပွဲစဉ် များကိုတော့ New York City ၏ Radio City Music Hall မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါသည် ။ ထိုပွဲစဉ်များတွင် ဒိုင်လူကြီးများ၏ အဆုံးအဖြတ်သာမကတော့ဘဲ ပရိသတ်များအားလုံးလည်း ပါဝင်ကာ ယှဉ်ပြိုင်သူများအား ဖုန်းဖြင့် ဖြစ်စေ ၊ Twitter မှ ဖြစ်စေ မဲပေးနိုင်ကြပြီး မဲအများဆုံးရသူများက ဆီမီးဖိုင်နယ်သို့ တက်လှမ်းရမှာ ဖြစ်သည် ။ ဆီမီးတွင်လည်း ထိုကဲ့သို့ပင် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး နောက်ဆုံးအဆင့်  အနေဖြင့် ဖိုင်နယ် ကို တက်လှမ်းရမှာ ဖြစ်သည် ။ Talent အကောင်းဆုံး သူကတော့ အမေရိကန် ဒေါ်လာ ၁ သန်း ကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်သည် ။

ယခု ၂၀၁၃ ခုနှစ်တွင် ဒိုင်လုကြီး ၄ ယောက်ပါဝင်လာပြီး ထိုသူများကတော့ Howie mandel ( 2010 - present ) , Howard Stern ( 2012 - present ) , Melanie Brown ( 2013 ) - Spice Girl မှ အဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး Heidi Klum ( 2013 ) တို့ပဲ ဖြစ်သည် ။ အစီအစဉ် တင်ဆက်သူ အဖြစ် Nick Cannon ( 2009 - present ) က တာဝန်ယူ တင်ဆက်ပေးနေခြင်းပဲ ဖြစ်သည် ။ ထို Talent Show တွင် American တို့၏ စိတ်နေစိတ်ထား ၊ နေထိုင်မှုပုံသဏ္ဍန် ၊ တစ်ဦးနှင့် တစ်ဦး လေးစားမှု ၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး အစရှိသည်တို့ကို မြင်တွေ့နိုင်ပေသည် ။ ထို့ကြောင့် America's Got Talent အား ကမ္ဘာပေါ်တွင် အကောင်းဆုံး Talent Show အဖြစ် မှတ်တမ်းတင်လိုက်ရပါသည် ။

No comments:

Post a Comment