Monday, August 19, 2013

အောင်လအန်ဆိုင်း






























သူဟာ MMA ( Mixed Martial Arts ) Fighter တစ်ဦးဖြစ်ပြီး နာမည်ကတော့ အောင်လအန်ဆိုင်း ဖြစ်သည် ။ 

သူ၏ လက်ရှိတွင် United State ၏ Elkridge , Maryland တွင် နေထိုင်နေသူ တစ်ဦး ဖြစ်ပြီး မွေးရပ်မြေမှာ မြန်မာနိုင်ငံ ၊ ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့ဖြစ်ကာ ကချင်လူမျိုးတစ်ဦးလည်း ဖြစ်သည် ။ အောင်လသည် တိုက်ခြင်းခိုက်ခြင်းများဖြင့် ဘဝ၏ အောင်မြင်မှုကို ရှာဖွေနေသူ ဖြစ်သည် ။ သူ့ရဲ့ ခံယူချက်ကတော့ " Life is Fight " ( ဘဝဟာ တိုက်ခိုက်ခြင်း ) ပါတဲ့ ။

အောင်လသည် ၂၀၀၄ ခုနှစ်မှ စတင်ကာ MMA တွင် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည် ။ ထိုအချိန်တွင် Pride Fighting Championship ပြိုင်ပွဲများသည် UFC ( the Ultimate Fighting Championship ) ကဲ့သို့ပင် ကျော်ကြားသော ပြိုင်ပွဲဖြစ်သည် ။ အောင်လသည် ထိုကာလများတွင် Agriculture Science ဘာသာရပ်ဖြင့်  Berrien Springs , Michigan ၌ ရှိသော Andrews University တွင် ပညာသင်ကြားလျက်ပင် ရှိသေးသည် ။ တက္ကသိုလ် တက်ရောက်နေစဉ်မှာပင် သူသညှ်South Bend , Indiana ရှိ Carlson Gracie Affililate သို့ တစ်ပတ်လျှင် သုံးကြိမ်ခန့် သွားရောက်ကာ Martial Arts အားလေ့ကျင့်ခဲ့သည် ။ သူသည် Brazillian Jui-Jitsu နှင့် MMA အား အထူး ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်သည် ။

အောင်လသည် သူ၏အသက် ၂၁ နှစ် ၂၀၀၇ ခုနှစ်တွင် နွေရာသီတွင် သူ၏ ပညာရေးပြီးဆုံးခဲ့ပြီး သူ၏ အစ်မ ရှိရာ Columbia , Maryland အိမ်တွင် ခေတ္တ နေထိုင်ခဲ့သည် ။ ထိုအချိန်များတွင် အောင်လသည် ပျားမွေးမြူရေး လုပ်သားအဖြစ် Felda , Floroda တွင် လုပ်ကိုင်ခဲ့သည် ။ ထို့နောက် သူသည် Maryland သို့ ပြန်လာခဲ့ပြီး MMA Fighter တစ်ယောက်ဖြစ်ရန် ကြိုးစားခဲ့သည် ။ အောင်လ၏ သင်ကြားခဲ့သော ဘာသာရပ် နှင့် ယခု သူလျှောက်လှမ်းနေသော လမ်းမှာ လုံးဝ ကွာခြားပေသည် ။ 

အောင်လအန်ဆိုင်း ၏ ရည်ရွယ်ချက်မှာ တစ်နေ့တွင် UFC ၌ ပါဝင် ယှဉ်ပြိုင် နိုင်ရေး နှင့် သူ၏ အတတ်ပညာအား မြန်မာနိုင်ငံ မြစ်ကြီးနား မြို့တွင် ကျောင်းဖွင့်၍ ပြန်လည်သင်ကြားနိုင်ရေး တို့ဖြစ်သည် ။ အောင်လ၏ Official Website Address မှာ www.aunglansang.com ဖြစ်သည် ။

No comments:

Post a Comment