Tuesday, August 13, 2013

Backstreet Boys















Backstreet Boys အဆိုတော်အဖွဲ့ ဆိုရင် ဒီဘက်ခေတ် လူငယ်တော်တော်များများနဲ့ ရင်နှီးမှု သိပ်ရှိမယ် မထင်ပါ ။ " As long as you love me " , " I'll never break your heart " , " All I have to give " အစရှိတဲ့ သီချင်းများအား သူတို့ အဖွဲ့ကို ကမ္ဘာကျော်စေခဲ့တဲ့ သီချင်းတွေပဲ ဖြစ်သည် ။

Backstreet Boys အဖွဲ့ဟာဆိုရင် American မှ အဆိုတော် အဖွဲ့ တစ်ဖွဲ့ ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ Orlando , Florida ၌ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ပဲ ဖြစ်သည် ။ အဖွဲ့ဝင် ၅ ဦး ရှိပြီး ပါဝင်သူများကတော့ A.J . McLean , Howie Dorough , Nick Carter , Kevin Richarson နှင့် Brian Littrell တို့ပဲ ဖြစ်သည် ။ သူတို့၏ ပထမဆုံး music album " Backstreet Boys " အား ၁၉၉၆ ခုနှစ်တွင် လည်းကောင်း ၊ ဒုတိယ " Backstreet's Back " music album အား ၁၉၉၇ ခုနှစ်တွင် လည်းကောင်း ထုတ်လုပ်ဖြန့်ချီခဲ့သည် ။ ထို music album များကြောင့် Backstreet Boys အဖွဲ့ဟာ ကမ္ဘာအနှံ့အောင်မြင်မှုများစွာ ရရှိလာခဲ့သည် ။

၁၉၉၉ ခုနှစ်တွင် " Millennium " နှင့် ၂၀၀၀ ခုနှဏ်တွင် " Black & Blue " စသည့် music album များ ဆက်တိုက် ဆိုသလို ထွက်ရှိလာခဲ့သည် ။ ၂၀၀၂ - ၂၀၀၃ ခုနှစ်များတွင် အဖွဲ့၏ အနုပညာလှုပ်ရှားမှုများ မရှိသလောက် နည်းပါးခဲ့သည် ။ ၂၀၀၅ ခုနှစ်တွင် တော့ သူတို့၏ နောက်ထပ် music album " Never Gone " အား ဖြန့်ချီခဲ့သည် ။ ထို music album အတွက် နယ်လှည့်ဖျော်ဖြေရေး Music Tour များအပြီး တွင် အဖွဲ့မှ Richardson သည် အခြားစီးပွားရေးအလုပ်များ လုပ်ရန်အတွက် ထွက်သွားခဲ့သည် ။ ထို့နောက်တွင် အဖွဲ့ဝင် ၄ ဦးတည်းဖြင့် " Unbreakable " အား ၂၀၀၇ ၊ " This is Us " အား ၂၀၀၉ ခုနှစ်တွင် အသီးသီး ထုတ်လုပ်ဖြန့်ချီခဲ့သည် ။ 

၂၀၁၂ ခုနှစ် ဧပြီလတွင် Richardson ပြန်လည်ပါဝင် လာပြီး ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ပေါင်းစည်းခြင်း အထိမ်းအမှတ်အဖြစ် Good Morning America's Summer Concert Series အတွက် ဖျော်ဖြေခဲ့သည် ။ ထို့နောက် သူတို့၏ နောက်ဆုံး ထွက်ရှိသော muaic album " In a World Like this " အား ၂၀၁၃ ဇူလိုင်တွင် ထုတ်လုပ်ဖြန့်ချီခဲ့သည် ။ 

Backstreet Boys သည် သူ၏ music album အချပ်ရေပေါင်း သန်း ၁၃၀ ကျော် ရောင်းချထားရပြီးဖြစ်ပြီး သူတို့ကို Best-selling Boys Band နှင့် the world's best-sellling music artists များ အဖြစ် အမှတ်ထင် ကျန်ခဲ့စေသည် ။ ၂၀၁၃ ဧပြီ ၂၂ ရက်တွင် လည်း သူတို့အဖွဲဟာ Hollywood Walls of Fame မှ ကြယ်ပွင့် ဆုများ ချီးမြှင့် ခြင်း ခံခဲ့ရသည် ။

No comments:

Post a Comment