Tuesday, August 6, 2013

Bruno Mars

Bruno Mars ဆိုရင်  " Just the way you are " ဆိုတဲ့ သီချင်းလေးကို နားထဲ ကြားယောင်မိကြမှာပါ ။ သူကတော့ American Singer , Songwriter နှင့် Record Producer တစ်ယောက်လည်း ဖြစ်ပါသည် ။ နာမည် အရင်းက Peter Gene Hernandaz ဖြစ်ပြီး ၈ ရက် အောက်တိုဘာလ ၁၉၈၅ ခုနှစ်မှာ Waikiki လို့ခေါ်တဲ့ မြို့လေးမှာ မွေးဖွားခဲ့ပါသည် ။ Waikiki ဆိုတာကတော့ Honolulu မြို့နားမှာ တည်ရှိပြီး Hawaii State မှာ ပါဝင်ပါသည် ။  

သူဟာ ဂီတ မိသားစုမှ ပေါက်ဖွားလာသူ တစ်ဦး ဖြစ်ပြီး ငယ်စဉ် ဘဝ တစ်လျှောက် ဂီတသံစဉ် များကို ဖန်တီးခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည် ။ ထို့ အပြင် ဂီတပွဲများတွင်လည်း ပါဝင် ဖျော်ဖြေခဲ့ပါသေးသည် ။ Bruno Mars ဟာ သူ့ရဲ့ဇာတိမြေမှာပဲ High School ကို ပြီးမြောက်အောင် တက်ခဲ့ပြီး သူချစ်တဲ့ အနုပညာအလုပ်ကို ပိုမိုလုပ်နိုင်ရန် Los Angeles သို့ ပြောင်းရွှေ့လာခဲ့ပါသည် ။ ပထမဦးစွာ သူဟာ သူ့ရဲ့ ဂီတသံစဉ်များကို ထုတ်လုပ်ရန် Motown Record နှင့် စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ အကြောင်းကြောင်းကြောင့် မအောင်မြင်ခဲ့ပါဘူး ။ အဲဒီနောက် ၂၀၀၉ ခုနှစ်မှာ Atlantic Record နှင့် ထပ်မံစာချုပ်ခဲ့ပါသည် ။ တစ်ချိန်ထဲမှာပဲ သူဟာ Travic McCoy ရဲ့ " Billionaire " ၊ B.O.B ရဲ့ " Nothin' On You " အစရှိတဲ့ သီချင်းများမှာ ပါဝင် သီဆိုခဲ့ပြီး ပရိသတ်ရဲ့ အားပေးမှုကို စတင်ရရှိလာခဲ့ပါသည် ။

ဒါ့အပြင် Ke$ha featuring သီဆိုထားတဲ့ Flo Rida ရဲ့ " Right Round " ၊ K'naan ရဲ့ " Wavin' Flag " အစရှိတဲ့ သီချင်းများကို လည်း ပါဝင်ရေးသားခဲ့သူ တစ်ယောက် ဖြစ်ပါသည် ။ Bruno Mars ဟာ သူ့ရဲ့ ပထမဆုံး music album " Doo-wops & Hooligans " ကို ၂၀၁၀ မှာ ဖြန့်ချီခဲ့ပြီး Biiiboard 200 မှာ နံပတ် ၃ နေရာကို ချိတ်နိုင်ခဲ့ပါသည် ။ အဲဒီ music album ထဲမှာ ဆိုရင် ယနေ့တိုင် နာမည်ကြီးနေတဲ့ " Just the way you are " ၊ " Grenade " နှင့် " The Lazy Song " စတဲ့ သီချင်းများ ပါဝင်ပါသည် ။ ထိုမျှမကသေးပဲ Grammy Award ၇ ဆု နှင့် " Just the way you are " သီချင်းကတော့ Best Pop Vocal Performance Award ကို ရရှိခဲ့ပြန်ပါသည် ။ 

ဒုတိယ music album " Unorthodox Jukebox " ကိုတော့ ၂၀၁၂ မှာ ဖြန့်ချီခဲ့ပြီး United State မှာ နံပတ် ၁ နေရာကို ရခဲ့ပြန်ပါသည် ။ ဒီ music album ထဲမှာလည်း လူအများအကြိုက်တွေ့ခဲ့တဲ့ " Locked out of heaven " နှင့် " When I was your man " အစရှိတဲ့ သီချင်းများ ပါဝင်ခဲ့ပြန်ပါသည် ။ Bads Meets Evil နှင့် အတူ " Lighters " ၊ Snoop Dogg နှင့် Wiz Khalifa တို့နှင့် အတူ " Young Wild & Free " သီချင်းများကိုလည်း သီဆိုခဲ့ပါသည် ။

Bruno Mars ဟာ Grammy Award , American Music Award , Billboard Music Award နှင့် BRIT Award စတဲ့ ဆုတံဆိပ်ပေါင်း များစွာကိုလည်း ပိုင်ဆိုင် ရရှိခဲ့သူ တစ်ဦး ဖြစ်ပါသည် ။ ၂၀၁၀ ပြည့်နှစ်မှ စ၍ အနုပညာလောကသို့ ဝင်ရောက်ခဲ့တဲ့ Bruno Mars ဟာ ဆိုရင် သူ့ရဲ့ music album အချပ်ရေပေါင်း ၈ သန်းကျော် ရောင်းချရပြီးလည်း ဖြစ်ပါသည် ။ Online မှ သီချင်းများကို ရောင်းချရာတွင်လည်း အကြိမ်ရေပေါင်း သန်း ၁၀၀ ကျော်အထိ စံချိန်တင်ရောင်းချခဲ့ပြီးလည်း ဖြစ်ပါသည် ။ သူဟာ Billboard Hot 100 မှာ ၅ ကြိမ် နှင့် Top Ten Single မှာ ၆ ကြိမ် တိတိ နံပတ် ၁ နေရာကို ရယူ  နိုင်ခဲ့သူလည်း ဖြစ်ပါသည် ။ သူ့ကို နာမည် ကျော်ကြားစေခဲ့တဲ့ သီချင်းကတော့ " Just the way you are " ဖြစ်ပြီး အဲဒီ သီချင်းတစ်ပုဒ် တည်းပင်လျှင် အကြိမ်ရေပေါင်း ၁၂.၅ သန်း ကျော် ရောင်းချခဲ့ရပြီး ဖြစ်ပါသည် ။ ၂၀၁၁ မှာတော့ Bruno Mars ဟာ the Best-Selling Digital Artist ဆုကို ထပ်မံရရှိခဲ့ပြန်ပါသည် ။

No comments:

Post a Comment