Wednesday, August 28, 2013

ကန်ထရိုက်

တစ်နေ့ United State က အိမ်ဖြူတော်မှာ ခြံစည်းရိုး အနည်းငယ် ပြုပြင်ဖို့ အတွက် လေလံ ခေါ်ပါသတဲ့ ။ အဲ့လိုနဲ့  အဲ့ဒီ လေလံကို  ကန်ထရိုက် သုံးယောက် ဝင်ပြီး အပြိုင်ဆွဲကြတာပေါ့ ။ တစ်ယောက်က ဘင်္ဂလားဒေ့ရှ် ၊ နောက်တစ်ယောက်က အိန္ဒိယ ဖြစ်ပြီး နောက်ဆုံးတစ်ယောက်က တရုတ် ဖြစ်သတဲ့ ။ ဒီလိုနဲ့ လေလံပွဲ စတင်တော့တယ် ဆိုတာနဲ့ .......

ဘင်္ဂလားဒေ့ရှ် လူမျိုးက ပေကြိုးတွေ ဘာတွေနဲ့ တိုင်းတာပြီး .......
ဒေါ်လာ ၉၀၀ နဲ့ ကျွန်တော် လုပ်ပေးနိုင်ပါတယ် ။ ၄၀၀ က ပစ္စည်းဖိုး ၊ နောက် ၄၀၀ က အလုပ်သမားခ နဲ့ ကျန် ၁၀၀ ကတော့ ကျွန်တော့် အမြတ်ပါ ။

အဲဒီလိုပဲ အိန္ဒိယ လူမျိုးကလည်း တိုင်းတာပြီး .......
ကျွန်တော်ကတော့ ဒေါ်လာ ၇၀၀ နဲ့ လုပ်ပေးနိုင်ပါတယ် ။ ၃၀၀ က ပစ္စည်းဖိုး ၊ နောက် ၃၀၀ က အလုပ်သမားခနဲ့ ကျန် ၁၀၀ ကတော့ ကျွန်တော့် အမြတ်ပါ ။ 

ဒါနဲ့ နောက်ဆုံးကျန်တဲ့ တရုတ်လူမျိုးက တိုင်းတာ တာတွေ ဘာတွေ မလုပ်တော့ပဲ မဆိုင်းမတွ နဲ့ ဒေါ်လာ ၂၇၀၀ နဲ့ဆို ကျွန်တော် လုပ်နိုင်ပါတယ် ဟု ပြောလိုက်လေသည် ။ ထို့ကြောင့် ဆုံးဖြတ်ရမည့် အရာရှိမှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး .......
မင်းက တိုင်းလည်း မတိုင်း ကြည့်လည်း မကြည့်ပဲနဲ့ ဘာလို့ သူများတွေထက် ပိုပြီး ဈေးတောင်းရတာလဲကွ ဟု မေးလေသည် ။

ထိုအခါ တရုတ်လူမျိုးက ဤသို့ ဖြေလေသည် ........
ဒေါ်လာ ၁၀၀၀ က အရာရှိ အတွက် ၊ နောက် ၁၀၀၀ က ကျွန်တော့် အတွက် နဲ့ ကျန် ၇၀၀ ကတော့ အိန္ဒိယကောင်ကို ခေါ်ပြီး ပြင်ခိုင်းလိုက်ရင် ပြီးပြီလေ ။

“ ဟုတ်ပြီ ၊ မင်းကို ရွေးလိုက်ပြီ ။ ” ဟု အရာရှိမှ ချက်ချင်းပင် သဘောတူလိုက်လေသည် ။

Jokerz

No comments:

Post a Comment