Tuesday, August 13, 2013

Cosmopolitan














ဒီနေ့မှာ ယမကာလုလင်တို့ အကြိုက် Cosmopolitan Cocktail ပြုလုပ်ပုံကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ 

လိုအပ်တဲ့ ပစ္စည်းများကတော့
  • Cocktail Shaker ( ကောက်တေးဖျော်ခွက် )
  • 40 ml Vodka
  • 30 ml Orange Liqueur ( Cointreau / Triple Sec )
  • 20 ml Lemon Juice ( သံပုရာရည် )
  • 20 ml Cranberry Juice
  • Ice Cubes ( ရေခဲတုံး အနည်းငယ် ) 
  • Martini Glass
  • Orange Peel Twist / Orange Slice 

တို့ပဲ ဖြစ်ပါတယ် ။ ပြုလုပ်ပုံကလည်း လွယ်ကူပါတယ် ။ ပထမဦးဆုံး Martini Glass ကို အေးနေအောင် Fridge ထဲ ၅ မိနစ်ခန့် ထည့်ထားရပါမယ် ။  ထို့နောက် ကောက်တေးဖျော်ခွက် ထဲသို့ Vodka , Orange Liqueur , Lemon Juice , Cranberry Juice နှင့် ရေခဲတုံး အနည်းငယ် ထည့်ကာ Shake ပေးရပါမယ် ။ ပြီးလျှင် Fridge ထဲမှ ခွက်ကို ယူ၍ ထည့်ပါ ။ အလှဆင်ရန်အတွက် လိမ္မော်သီးခွံကို လိမ်ထားတာပဲ ဖြစ်ဖြစ် ၊ ပါးပါးလှီးထားတာပဲ ဖြစ်ဖြစ် အပေါ်မှ အလှဆင်ကာ သုံးဆောင်နိုင်ပါပြီ ။ ကြာကြာထားလျှင် အအေးဓာတ်လျော့နည်း သွားမည် ဖြစ်သောကြောင့် ၅ မိနစ် အတွင်း သောက်သုံးလျှင် အကောင်းဆုံး ဖြစ်သည် ။

No comments:

Post a Comment