Sunday, August 4, 2013

Dr. Dre

Dr. Dre ဟာ American Record Producer , Rapper နှင့် Entrepreneur တစ်ယောက်ဖြစ်ပါသည် ။ သူရဲ့ နာမည် အရင်းကတော့ Andre Romelle Young ဖြစ်ပြီး ၁၈ ရက် ဖေဖော်ဝါရီ ၁၉၆၅ ခုနှစ် Compton , California မှာ မွေးဖွားခဲ့ပါသည် ။ သူသည် Aftermath Entertainment နှင့် Beats Electronics တို့ရဲ့ CEO နှင့် တည်ထောင်သူ တစ်ယောက်လည်းဖြစ်ပါသည် ။ အဲဒီ မတိုင်ခင်မှာတော့ သူဟာ Death Row Records ရဲ့ Artist နှင့် ရှယ်ယာရှင် တစ်ယောက်လည်း ဖြစ်ပါသည် ။ သူဟာ Snoop Dogg , Eminem , Xzibit , 50 Cent , The Game အစရှိတဲ့ သူများရဲ့ music album များကို ထုတ်လုပ် ပေးခဲ့သူလည်း ဖြစ်ပါသည် ။ ၂၀၁၁ ခုနှစ်မှာတော့ Dr. Dre ဟာ Forbes မဂ္ဂဇင်း မှာ တတိယမြောက် အချမ်းသာဆုံး American Hip Hoper တစ်ယောက်အဖြစ် ဖော်ပြခံခဲ့ရပြီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ US$ 250 millions အထိ ကြွယ်ဝ သူဖြစ်ခဲ့ပါသည် ။

Dr. Dre ဧာ World Class Wreclein Cru ရဲ့ အသင်းဝင် တစ်ဦး အဖြစ် သူ့ရဲ့ အနုပညာကို စတင်ခဲ့သူ ဖြစ်ပါသည် ။ နောက်ပိုင်းမှာတော့ သူဟာ American လမ်းမများထက်မှာ ရေပန်းစားနေသော Rap စာသားများ သီဆိုသူ အဖွဲ့ဖြစ်တဲ့ N.W.A ( Gangsta Rap Group ) နဲ့ ချိတ်ဆက်မိခဲ့ပါသည် ။ အဲဒီ group မှာ ဆိုရင် ယနေ့ ကျော်ကြားနေတဲ့ Eazy-E , Ice Cube , MC Ren နှင့် DJ Yella အစရှိတဲ့ ပုဂ္ဂိုလ်များ ပါဝင်ပါသည် ။ ၁၉၉၂ မှာ Dr. Dre ဟာ သူ့ရဲ့ ပထမဆုံးသော music album " The Chronic " ကို Death Row Records မှ ဖြန့်ချီ ခဲ့ပါသည် ။ " The Chronic " ဟာ သူ့ကို American ရဲ့ ၁၉၉၃ the best performing artists ဖြစ်စေရုံမျှမကပဲ " Let Me Ride " သီချင်းဖြင့်လည်း Grammy Award ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါသေးသည် ။ တစ်နှစ်ထဲမှာပဲ သူဟာ Snoop Dogg ရဲ့ " Doggystyle " music album ကို Death Row Recoeds မှ ထုတ်လုပ်ဖြန့်ချီခဲ့ပါသေးသည် ။

၁၉၉၆ ခုနှစ်မျာတော့ Dr. Dre ဟာ Death Row Records မှာ ထွက်ခွာခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင် Aftermath Entertainment ကို တည်ထောင်ခဲ့ပါသည် ။ အဲဒီနှစ်မှာပဲ သူဟာ သူ့ရဲ့ ကိုယ်စားပြု သီချင်းများကို ပေါင်းစည်းထားတဲ့ " Dr. Dre Presents the Aftermath " ကို ထုတ်လုပ်ခဲ့ပါသည် ။ ၁၉၉၉ ခုနှစ်မှာ သူ့ရဲ့ Solo Album " 2001 " ကို ထပ်မံ ဖြန့်ချီ ခဲ့ပြီး " The Grammy Producer's Award " ကို ရရှိခဲ့ပါသည် ။ ၂၀၀၀ ခုနှစ် အတွင်းမှာတော့ သူဟာ တခြားအဆိုတော်များ အတွက် music album များ ထုတ်လုပ်ရန် အာရုံစိုက်လာခဲ့ပါသည် ။ သူဟာ Eminem , 50 Cent တို့နှင့် စာချုပ်များ ချုပ်ဆိုကာ ၁၉၉၈ နှင့် ၂၀၀၃ ခုနှစ်များတွင် သူတို့၏ music album များကို ထုတ်လုပ်ပေးခဲ့ပါသည် ။ Dr. Dre ဟာ သီချင်း သီဆိုရုံမျှ မကပဲ Set It Off , The Wash , Training Day , Rolling Stone အစရှိတဲ့ ရုပ်ရှင်များတွင် ပါဝင် သရုပ်ဆောင်ခဲ့ ပြီး သူဟာ " 100 Greatest Artists of All Time " မှာ အဆင့် ၅၆ ချိတ်ခဲ့သူ အဖြစ်လည်း ထင်ရှားကျော်ကြားသူ ဖြစ်ပါသည် ။ သူ့ရဲ့ Official Website ကတော့ www.drdre.com ဖြစ်ပါသည် ။

No comments:

Post a Comment