Monday, August 26, 2013

ညီမျှခြင်း ရဲ့ မညီမျှခြင်း

စာအုပ်တစ်အုပ်ကြောင့်လည်း
လူတစ်ယောက်ကပြောင်းလဲသွားနိုင်တယ် ။


မိန်းမတစ်ယောက်ကြောင့်လည်း
လူတစ်ယောက်ကပြောင်းလဲသွားနိုင်တယ် ။

ဒါပေမယ့်အဲဒီတစ်ချက်ထဲကြောင့်တော့
စာအုပ်တစ်အုပ်နဲ့ မိန်းမတစ်ယောက်ကို
တန်ဖိုးချင်းအတူတူပါလို့ သတ်မှတ်လို့ မရဘူး ။


တစ်ခုတော့ရှိတယ် မိတ်ဆွေ

စာအုပ်တစ်အုပ်ကြောင့်တော့ခင်ဗျားမရူးပေမယ့်
မိန်းမတစ်ယောက်ကြောင့်တော့ခင်ဗျားရူးနိုင်တယ် ။


ညိုမင်းလွင်

No comments:

Post a Comment