Thursday, August 8, 2013

Frozen Lemon Mint













ဒီဖျော်ရည်လေးကတော့ အလွယ်တကူ အိမ်မှာပဲ ကိုယ်တိုင် လုပ်ပြီး အမောပြေ သောက်နိုင်တဲ့ အချိုရည်လေးပါ ။ ပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့

  • Blender ( ဖျော်ရည်စက် )
  • Mint Leaves ( ပူဒီနာ )
  • Lemon Juice ( သံပရာရည် )
  • Sugar Syrup ( သကြားရည် ) 
  • Rose Water ( အမွှေးရည် )
  • Ice Cubes ( ရေခဲတုံး )
  • Water ( ရေ ) 

တို့ပဲ ဖြစ်သည် ။ ပြုလုပ်ပုံကတော့ အရမ်းပဲ လွယ်ကူရိုးရှင်းပါတယ် ။ ပထမဦးစွာ ဖျော်ရည်စက်ထဲသို့ ပူဒီနာ အနည်းငယ် ၊ သကြားရည် အနည်းငယ် ( 40 ml ) ၊ သံပရာရည် အနည်းငယ် ( 30 ml ) ၊ ရေခဲတုံး အနည်းငယ် နှင့်  ရေ အနည်းငယ် တို့ကို ရောထည့်ကာ ရေခဲတုံးများ ကြေသည်အထိ မွှေပါ ။ ရေခဲတုံးများ ကြေပြီဆိုလျှင် သောက်မည့်  ခွက်အတွင်းသို့ ထည့်ပါ ။ အပေါ်မှ Rose Water အနည်းငယ် ထည့်ပါ ။ ပြီးလျှင် ပူဒီနာအရွက် ကြီးကြီး တစ်ရွက်ဖြင့် အလှဆင်၍ တစ်နေ့တာ အမောများကို မွှေးမွှေးအေးအေး အရသာ ပေးစွမ်းနိုင်မဲ့ Frozen Lemon Mint ကို သောက်သုံးနိုင်ပါပြီ ။ 

Jokerz

No comments:

Post a Comment