Tuesday, August 13, 2013

မှတ်ဥာဏ် ကောင်းချက်

အသက်ကြီးကြီး ယောက်ျား နှင့် မိန်းမတို့သည် ဆရာဝန်ထံသို့ သွား၍ သူတို့၏ ခဏခဏ မေ့တတ်သော အကြောင်းကို ဆွေးနွေးတိုင်ပင်လေသည် ။

ယောက်ျား - ဆရာ ကျွန်တော်တို့ လင်မယား ၂ ယောက်လုံးမှာရှိတဲ့ မေ့တတ်တဲ့ ရောဂါက တော်တော်ကြီးကို ဆိုးနေပါပြီ ဆရာ ။

ဆရာဝန် - ဒါများ လွယ်ပါတယ်ဗျာ ။ တစ်ချို့လူတွေလုပ်တဲ့ အတိုင်း တစ်ခုခုဆို စာရွက်လေးပေါ်မှာ မှတ်ထား ။ မေ့သွားရင် ပြန်ကြည့်လိုက်တော့ ပြန်မှတ်မိတာပေါ့ဗျာ ။ အဲဒါက အကောင်းဆုံး နည်းလမ်းပဲ ။

အိမ်သို့ရောက်သော် 

မိန်းမ - ယောက်ျားရေ မီးဖိုချောင်ထဲက ရေခဲမုန့် ယူလာပေးပါ ။ မေ့မသွားနဲ့နော် စာရွက်လေးနဲ့ မှတ်ထားဦး ။

ယောက်ျား - အဲလောက်လဲ မလိုပါဘူးကွာ ။

မိန်းမ - ဒါဆို စတော်ဘယ်ရီ သီး နဲ့ ခရင်မ် ပါ ယူလာပေးနော် ။

ယောက်ျား - ရေခဲမုန့် ၊ စတော်ဘယ်ရီ နဲ့ ခရင်မ် ဒါပဲ မှတ်လား ။ စာရွက်ထဲ မှတ်ဖို့ မလိုပါဘူးကွာ ။

ထို့နောက် ယောက်ျား ဖြစ်သူမှာ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည် ။ မီးဖိုချောင်ထဲမှ ကြော်လှော်နေသံများ ထွက်ပေါ်လာသည် ။ ယောက်ျား ဖြစ်သူ ပြန်ထွက်လာသောအခါ လက်ထဲ၌ ကိုင်ထားသော ပန်ကန်းပြား ပေါ်တွင် ကြက်ဥကြော် နှင့် အသားပြားကြော် သာ ပါလာလေသည် ။ ထိုအခါ မိန်းမ မှ  ယောက်ျားကို မကြည်သလို  မေးလိုက်လေသည် ။

မိန်းမ - ယောက်ျားရေ ခုနက မေးလိုက်တဲ့ ပေါင်မုန့် မီးကင်ရော မပါဘူးလား ။

ဟူသတည်း ...... ။    ။

No comments:

Post a Comment