Sunday, August 11, 2013

ထူးအိမ်သင်

ထူးအိမ်သင် သည် မြန်မာနိုင်ငံ မှ ကျော်ကြားသော အဆိုတော် နှင့် တေးရေးဆရာ တစ်ယောက်ဖြစ်သည် ။ ဖခင် ဦးထွန်းမြင့် နှင့် မိခင် ဒေါ်မြရင် တို့မှ ၁၉၆၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ပုသိမ်မြို့ ၊ ဧရာဝတီတိုင်းတွင် မွေးဖွားခဲ့သည် ။ အမည်ရင်းမှာ ကျော်မြင့်လွင် ဖြစ်ပြီး သျှပ် ၊ ဘဲဥ ၊ ငှက်ကြီး စသည်ဖြင့် ချစ်စနိုးခေါ်ဝေါ်ကြသည် ။ ထူးအိမ်သင် ၏ ဇနီးမှာ မသွယ်သွယ်ဌေး ဖြစ်ပြီး သူ၏ တစ်ဦးတည်းသော သမီးမှာ မိကွန်ထော ဖြစ်သည် ။

အ.မ.က ( ၂၀ ) ပုသိမ်တွင် မူလတန်းကညာ သင်ယူခဲ့ပြီး အ.ထ.က ( ၃ ) ပုသိမ်မှ အထက်တန်း အောင်မြင်ခဲ့သည် ။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်းရှိ ပုသိမ်ဒေသ ကောလိပ် သို့ တက်ရောက်ခဲ့သည် ။ ၁၉၈၁ ခုနှစ်တွင် မော်လမြိုင် သို့ မိသားစုနှင့် အတူ ပြောင်းရွှေ့ နေတိုင်ခဲ့ပြီး မော်လမြိုင် တက္ကသိုလ်မှ ရုက္ခဗေဒ ဘာသာရပ်ဖြင့် သိပ္ပံ ဘွဲ့ ရရှိခဲ့သည် ။

၁၉၈၆ ခုနှစ်တွင် “ နာရီပေါ်မှ မျက်ရည်စက်များ ” တေးစီးရီး ဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်လာခဲ့သည် ။ ထူးအိမ်သင်သည် ကိုယ်ပိုင် သံစဉ် စာသားများကို ရေးဖွဲ့သီကုံးပြီး ဂီတ ပညာရှင် တစ်ဦး ဖြစ်ရန်ကြိုးပမ်းအားထုတ်ခဲ့သည် ။ သူသည် ကဗျာ များကိုလည်း ရေးသား ခဲ့သည် ။ ၁၉၉၁ ခုနှစ် တွင် ထွက်ရှိခဲ့သော “ ရာဇဝင် များရဲ့ သတို့သမီး ” တေးစီရီးကြောင့် ပရိတ်သတ်များ မျက်ခုံးလှုပ်ခဲ့ကြရသည် ။ သီချင်းသည် မြန်မာနိုင်ငံ၏ အဓိက ရေစီးကြောင်း ဧရာဝတီမြစ်ကို ဖော်ကျူးထားသော်လည်း ၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောာင်ဆန်းစုကြည် အား ရည်စူး၍ ရေးသားထညးသည်ဟု အများက ထင်ကြသည် ။ ထို့ကြောင့် သူ၏ ဖျော်ဖြေပွဲများကို စစ်အစိုးရမှ လိုက်လံပိတ်ပင်ခဲ့သည် ။ 

၁၉၈၈ အရေးအခင်း အပြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမျုကရက်တစ် တပ်ဦးတွင် ပြန်ကြားရေးတာဝန်ခံအဖြစ် အဆိုတော် မွန်းအောင် နှင့် အတူ ခေတ္တမျှ တာဝန် ထမ်းဆောင်ခဲ့သည် ။ “ အရေးကြီးပြီ ” ဆိုသော တိုက်ပွဲဝင် သီချင်းကို ထိုစဉ်က ရေးစပ်ခဲ့ခြင်းလည်း ဖြစ်သည် ။ ထို့နောက် မြို့ပေါ်သို့ပြန်လာပြီး အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည် ။ 

၁၄ ရက် သြဂုတ်လ ၂၀၀၄ ခုနှစ် နံနက် ၁၁ နာရီ ၄၀ မိနစ် အသက် ၄၂ နှစ် တွင် ကွယ်လွန်ခဲ့သည် ။ ထူးအိမ်သင် ၏ ထွက်ရှိခဲ့သော တေးစီးရီးများမှာ အောက်ပါအတိုင်း ဖြစ်လေသည် ။ 

  • နာရီပေါ်မှ မျက်ရည်စက်များ 
  • မှော်ဆရာအိမ်မက်
  • သက်ငြိမ်
  • အတ္တပုံဆောင်ခဲများ
  • အကြင်နာအိမ်မက် 
  • အရင်အတိုင်း
  • စကားလုံးမရှိတဲ့ ကောင်းကင်
  • ထူးအိမ်သင် ( Unplugged Live )
  • မြို့ပြလရောင် တမ်းချင်း
  • ဝင်ရိုးစွန်းမီး
  • အမေ ( သို့ ) အကြွင်းမဲ့မေတ္တာတော်သီချင်း
  • အမှတ်တရ ဒဏ်ရာ သီချင်းများ
  • အစိမ်းရောင်ရက်စွဲများ
  • တစ်နေ့စာအလွဲများ
  • ချစ်ခြင်းအားဖြင့်

No comments:

Post a Comment