Friday, August 30, 2013

တစ်နာရီ



















တိုက်ခန်း တစ်ခန်းတွင် အဖေ ဖြစ်သူ နှင့် သားဖြစ်သူ နှစ်ဦးသာ နေထိုင်လေသည် ။ အဖေဖြစ်သူက စာကြည့်ခန်းတွင် အလုပ်ရှုပ်နေလေသည် ။ ထိုအချိန်တွင် သားဖြစ်သူ ရောက်လာပြီး သူ့အဖေအား ဤသို့မေးလေသည် ။

သား ။   ။ အဖေ အလုပ်လုပ်တာ တစ်နာရီကို ဘယ်လောက်ရလဲဟင် ။

အဖေ ။   ။ သား က ဘာလုပ်မလို့လဲ ။

သား ။   ။ သိချင်လို့ပါ အဖေရာ ။

အဖေ ။   ။ တစ်နာရီဆို ၁၀၀၀၀ လောက်ရတာပေါ့ကွ ။

သား ။   ။ ဒါဆို သားကို မုန့်ဖိုး ၅၀၀၀ လောက် ပေးပါလား ။

အဖေ ။   ။ အာ မင်းတော့ကွာ ဒီမှာ အလုပ်ရှုပ် နေရတဲ့ ကြားထဲ ။ မုန့်ဖိုး တောင်းပြီး ကစားစရာတွေ ဝယ်မလို့ မှတ်လား ။ မပေးဘူး ။ သွားတော့ အိပ်ခန်းထဲမှာ သွားနေချေ ။

ထိုသို့ ပြောလိုက်သောကြောင့် သားဖြစ်သူမှာ ခေါင်းငိုက်စိုက်ကျသွားပြီး ဘာမှ မပြောတော့ဘဲ အခန်းထဲသို့ ပြန်သွားလေသည် ။ 

ခဏ ကြာတော့ အဖေ ဖြစ်သူမှာ အလုပ်လုပ်နေရင်းမှ ဤသို့စဉ်းစားမိလေသည် ။ 
“ ဒီကောင် တစ်ခါမှ ပိုက်ဆံ မတောင်းဖူးပါဘူး ။ ဘာလုပ်မလို့လဲ မသိဘူး ။ သွားကြည့်ဦးမှ ပဲ ။ ”

အခန်းထဲသို့ ရောက်သောအခါ သားဖြစ်သူမှာ စောင်လေးခြုံ၍ အိပ်နေသည်ကို မြင်ရလေသည် ။ 

အဖေ ။   ။ သား ...... ရော့ သားတောင်းတဲ့ ၅၀၀၀ ။

ထိုအခါ သားဖြစ်သူမှာ အဖေပေးသော ၅၀၀၀ ကို ဝမ်းသာအားရ လှမ်းယူလိုက်ပြီး ခေါင်းအုံးထဲမှ နောက်ထပ် ၅၀၀၀ ကို ထုတ်ယူလိုက်လေသည် ။ 

အဖေ ။   ။ မင်းမှာ ပိုက်ဆံ ရှိပြီးသားကို ဘာလို့ ထပ်တောင်းရတာလဲ ။ 

သား ။   ။ သားမှာ ရှိတဲ့ ပိုက်ဆံနဲ့ မလောက်လို့ပါ ။ အခုတော့ ပြည့်သွားပြီ ။ 

“ အခု သားမှာ ၁၀၀၀၀ ပြည့်သွားပြီ ။ အဖေ့ရဲ့ အချိန် တစ်နာရီကို ဝယ်လို့ရမလား အဖေ ။ မနက်ဖြန် ညနေ စောစော ပြန်လာနော် ။ အဖေ နဲ့ အတူ ညစာ စားချင်လို့ပါ ”

ထိုအခါ ဖခင် ဖြစ်သူမှာ စိတ်ထိခိုက်သွားပြီး သူ့သားလေးကို နူးညံ့စွာ ထွေးပွေ့ကာ 

“ အဖေ့ကို ခွင့်လွှတ်ပါ သားရယ် ” ဟု ကြေကွဲစွာ ပြောလေသည် ။

တကယ်တော့ လူ့ဘဝမှာ ငွေဟာ အရေးပါတဲ့ အရာ တစ်ခုပါ ။ သို့ပေမဲ့ ငွေထက် အရေးကြီးသော အရာများ လောကတွင် ရှိနေသေးသည်ကို သတိပြုသင့်ပေသည် ။ 

No comments:

Post a Comment