Monday, August 12, 2013

ကသာမြို့













ကသာခရိုင် အစိုးရ ဌာန အသီးသီးတို့၏ ဗဟို ရုံးစိုက်ရာ မြို့ကြီး ဖြစ်သော ကသာမြို့သည် ဧရာဝတီမြစ် အနောက်ဘက် ကမ်းပေါ်တွင် တည်ရှိ၍ မြစ်ကြောင်းဆိပ်ကမ်း မြို့ဖြစ်သည် ။ ထို့ပြင် စစ်ကိုင်း - မြစ်ကြီးနား မီးရထားလမ်းသည် နဘားမှ တဆင့် မီရထားလမ်းခွဲဖြင့် ကသာမြို့နှင့် ဆက်သွယ်လျက် ရှိသောကြောင့် စည်ကားလေသည် ။ မြို့၏ အကျယ်အဝန်းမှာ ၄၈၈ ဧက ဖြစ်သည် ။ 


ရဲစခန်းများ ၊ ဆေးရုံများ ၊ ဈေး ၊ စာတိုက် ၊ ကြေးနန်းရုံ ၊ ဗိုလ်တဲ ၊ သစ်သိုလှောင်ရာဌာန နှင့် အကျဉ်းထောင် အစရှိသော အခြေခံ အဆောက်အအုံများ ရှိလေသည် ။ ကသာမြို့လယ်တွင် ထင်ရှားသော မြစေတီ ဘုရားတည်ရှိ၍ မြို့၏ တောင်ပိုင်း နှင့် မြောက်ပိုင်း ကို ခွဲခြားထားလေသည် ။ မြစေတီမှာ သီရိဓမ္မာသောက မင်းတရားကြီး တည်ခဲ့သော စေတီများတွင် အပါအဝင် ဖြစ်သည် ဟု ဆိုကြသည် ။ မြောက်ပိုင်း၌ ဘိုးတော်ဘုရားတည်ခဲ့သော ရွှေဂူကြီး စေတီ ရှိလေသည် ။

No comments:

Post a Comment