Wednesday, August 7, 2013

Lee Min-Ho

Lee Min-Ho ဟာ South Korea နိုင်ငံရဲ့ ကျော်ကြားတဲ့ သရုပ်ဆောင် နှင့် အဆိုတော် တစ်ဦး ဖြစ်သည် ။ သူဟာ South Korea တွင် သာမက Japan , Philippines , China , Myanmar စတဲ့ အာရှ နိုင်ငံ တော်တော်များများက ပရိသတ်များရဲ့ အသည်းကျော် တစ်ဦးလည်း ဖြစ်သည် ။ သူ့ကို ၂၂ ရက် ဇွန်လ ၁၉၈၇ ခုနှစ် တွင် Heukseok-dong , Dongjak-gu , Seoul မှာမွေးဖွားခဲ့သည် ။ သူအပါအဝင် မိသားစုဝင် ၄ ယောက်ရှိပြီး ညီမငယ် တစ်ယောက်လည်း ရှိသည် ။ 

Lee သည် ငယ်စဉ် ကလေး ဘဝတွင် ဘောလုံးသမား  ဖြစ်ချင်ခဲ့သူတစ်ဦး ဖြစ်ပြီး Christiano Ronaldo ကို အားကျခဲ့သည် ။ သို့ပေမဲ့ 5 Grade , Elementary School တွင် ဘောလုံးကစားရင်း ဒဏ်ရာ ရခဲ့သဖြင့် စိတ်အားလျှော့ခဲ့သည် ။  Second Year , High School တွင် Lee သည် အနုပညာ လိုင်းဘက်သို့ ကူးပြောင်းခဲ့သည် ။ သူ့ရဲ့ မိတ်ဆွေတစ်ချို့ အကူအညီဖြင့် Starhaus Entertainment နှင့် ချိတ်ဆက်ခဲ့သည် ။ ထိုအချိန်မှ စကာ Lee သည် drama ဇာတ်လမ်းတွဲ များတွင် မထင်မရှား နေရာများမှ စတင် သရုပ်ဆောင်ခဲ့သည် ။ ကံမကောင်းစွာပဲ ၂၀၀၆ ခုနှစ် အတွင်း ကားတိုက်မှု ဖြစ်ခဲ့သည့် အတွက် သူ၏ အနုပညာ အလုပ်မှ ခေတ္တ ကျောခိုင်း လှည့်ထွက်ခဲ့ရသည် ။

တစ်ဖန် ၂၀၀၉ ခုနှစ်မှာတော့ Lee ဟာ KBS2 မှ ရိုက်ကူးသည့် " Boys Over Flowers " ဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသား " Gu Jun-Pyo " နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ကျော်တစ်ယောက် ဖြစ်လာခဲ့သည် ။ " Boys Over Flowers " ဇာတ်လမ်းတွဲ သည် Japanese Television Drama ကို ပြန်လည် ရိုက်ကူးထားခြင်းလည်း ဖြစ်သည် ။ Lee ဟာ Konkuk University တွင် Film နှင့် Art ဘာသာရပ်အား သင်ကြားနေသူ တစ်ဦးလည်း ဖြစ်သည် ။ " Boys Over Flowers " တွင် So Yi Jang အဖြစ် သရုပ်ဆောင်သော Kim Bum မှာ သူ၏ အခင်ဆုံး သူငယ်ချင်းတစ်ဦး ဖြစ်သည် ။

၂၀၁၀ တွင် MBC မှ ရိုက်ကူးသည့် " Personal Taste " ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည် ။ ၂၀၁၁ ခုနှစ်တွင် အသွင်သစ်ဖြင့် Action Drama ဇာတ်လမ်းတွဲ " City Hunter " တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြန်သည် ။ ထို Drama ဇာတ်လမ်းသည် South Korea တွင် သာမက Asia တစ်ခွင်တွင် အောင်မြင်ကျော်ကြားခဲ့သည် ။ ၂၀၁၂ တွင်တော့ ရာဇဝင် ဇာတ်လမ်းတွဲ " Faith " အား ရိုက်ကူးခဲ့ပြန်သည် ။ 

မတ်လ ၂၉  ၊ ၂၀၁၃ တွင် Lee သည် " The Heirs " အမည်ရ Drama ဇာတ်လမ်းတွဲအား စတင်ရိုက်ကူးခဲ့ပြီး ထို ဇာတ်လမ်းတွဲအား အောက်တိုဘာလ ၂၀၁၃ တွင် South Korea တွင် ထုတ်လွှင့် ပြသသွားမဲ့ Drama ဇာတ်လမ်းတွဲပဲ ဖြစ်ပါသည် ။ Lee သည် ဇာတ်လမ်းတွဲများတွင် သာမက သူ၏ music album များအားလည်း ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည် ။ သူသည် အောက်ပါ ဆုတံဆိပ်များကို ရရှိပိုင်ဆိုင်ထားသူတစ်ဦး လည်း ဖြစ်ပေတော့သည် ။

  • The 45th BaekSang Arts Awards: Best New Actor for Boys Over Flowers
  • MTN Broadcast Advertisement Festival: Most Popular Advertisement Model for Trugen Commercial
  • Best Commercial Star Award
  • KBS Drama Awards: Male Rookie Award for Boys Over Flowers
  • KBS Drama Awards: Best Couple Award with Ku Hye Sun for Boys Over Flowers
  • Mnet 20's Choice Awards: Hot Actor
  • MBC Drama Awards: Excellence Award for Personal Taste
  • Korea Drama Festival Awards: Best Actor Award for City Hunter
  • Korea Drama Festival Awards: Hallyu Star Award for City Hunter
  • SBS Drama Awards: Top Ten Stars Award for City Hunter
  • SBS Drama Awards: Netizen Popularity Award for City Hunter
  • SBS Drama Awards: Top Excellence Award, Drama Special, Actor for City Hunter 
 

No comments:

Post a Comment