Friday, August 9, 2013

Mojito













ဒီတစ်ခါတော့ ယမကာလုလင်တို့ အကြိုက် Mojito Cocktail ပြုလုပ်ပုံကို ပြောပြပေးသွားမှာ ဖြစ်ပါတယ် ။ 

လိုအပ်တဲ့ ပစ္စည်းများကတော့
  • Muddler ( ဖိခြေတံ )
  • Lime Juice ( သံပုရာရည် )
  • Lime Wedges ( သံပုရာအစိတ်လေးများ )
  • Brown Sugar ( သကြားညို )
  • Mint Leaves ( ပူဒီနာ )
  • Crushed Ice ( ခြစ်ထားသော ရေခဲ )
  • White Rum ( အဖြူရောင် ရမ် )
  • Soda / Sparkling Water ( ဆိုဒါ / စပါကလင်ရေ ) 
  • High Ball Glass ( ဖန်ခွက်ရှည် ) 

တို့ ပဲ ဖြစ်ပါတယ် ။ ပထမဦးစွာ High Ball Glass ထဲသို့ သံပုရာအစိတ် ၄ စိတ် ၊ သံပုရာရည် 20 ml ၊ Brown Sugar လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၊ ပူဒီနာရွက် အနည်းငယ် ထည့်၍ Muddler ဖြင့် ဖိခြေပါ ။ သံပုရာစိတ်များ ပိပြားသည် အထိ ခြေပေးရပါမည် ။ ထို့နောက် Crushed Ice အား ခွက် အပြည့် ထည့်ပါ ။ ပြီးလျှင် White Rum 40 ml နှင့် Soda / Sparkling Water တို့အား ခွက် မပြည့်တပြည့် ထည့်ပြီး အပေါ်အောက် မျှအောင်မွှေပေးပါ ။ ပြီးလျှင် ပူဒီနာ အရွက်ကြီးကြီးတစ်ရွက်အား အလှဆင်၍ သောက်သုံးနိုင်ပါပြီ ။ 

Jokerz

No comments:

Post a Comment