Wednesday, August 21, 2013

နှုတ်ဆက် ရွက်ကြွေ

အိပ်မက် အပျက်ကို
မောင့်လက်ထဲ
လွတ်ချထားမိတဲ့ အတွက်
အဆိပ်တတ်နေခဲ့ပြီလား ။

မမြင်ရတဲ့ အနာဂတ်ဆိုတာ
ကြိုတင်ကြံစည်မှုတွေ
အသက်ဝင်နေတယ်
သက်သေပြချက်တစ်ချို့ ဟာ
ကျမအတွက်တော့
အငြင်းဝါကျကလွဲလို့
ဘာမှထပ်မပေးနိုင်တော့ဘူး မောင် ။

အမှတ်တရတွေ ဆိုတာကလည်း
အတိတ်က ပန်းချီကား
တစ်ချပ်ပါ မောင်ရယ်
ရေးဆွဲတဲ့သူအတွက်
အဖိုးတန်ပေမယ်
နှစ်ချိုက်သူမရှိရင်
တန်ဖိုးနည်းသွားမှာပါ ။

မောင့်ရဲ့
အဆုံးစွန်သော
လိုက်လျောခြင်းတွေဟာ
ကျမအတွက်
အသုံးမဝင်တော့တဲ့
ဆေးတစ်ခွက်လို ဖြစ်ခဲ့ပြီပဲ
သေသွားတဲ့ နှလုံသားအတွက်
ကုသခြင်းတွေဟာ
အရာမထင်နိုင်တော့ဘူးလေ ။

ခွင့်မလွှတ်ပါနဲ့ မောင်
ကျမကို မုန်းလိုက်ပါ
ရှေ့ဆက်မရတဲ့
အချစ်တွေအတွက်
ခွင့်လွှတ်ခြင်းနဲ့
ကျမ မထိုက်တန်ပါဘူးလေ
မောင့်အမုန်းသစ်ပင်
မြေသြဇာကောင်းဖို့အတွက်
ပေးခဲ့ဘူးတဲ့ ယုယခြင်းတွေကို
ရွက်ကြွေ တစ်ရွက်အဖြစ်
သတ်မှတ်လိုက်ပါတော့ မောင်ရယ် ။   ။

May Nausca

No comments:

Post a Comment