Wednesday, August 14, 2013

ညောင်တုန်းမြို့















ညောင်တုန်းမြို့သည် မအူပင်ခရိုင် ၊ ညောင်တုန်းနယ် အပိုင် ၊ ညောင်တုန်းမြို့နယ် ၏ ရုံးစိုက်ရာ မြို့လည်း ဖြစ်သည် ။ ဧရာဝတီ မြစ် နှင့် ပန်းလှိုင် မြစ်တို့ ဆုံရာ အရပ် တွင် တည်ရှိ၍ မအူပင် မြို့၏ မြောက်ဘက်ကျသည် ။ ညောင်တုန်း မြို့နယ် အပိုင် တွင် ညောင်တုန်း နှင့် ဓနုဖြူ တို့ပါဝင်သည် ။ ညောင်တုန်းမြို့၏ အကျယ်အဝန်းမှာ စတုရန်း မိုင်ပေါင်း ၃၃၁ မိုင်မျှ ရှိသည် ။

ညောင်တုန်းသည် ယခင်က အိမ်ခြေ အနည်းငယ်မျှသာ ရှိသော ရွာဖြစ်ပြီး တစ်ဖက်ကမ်းရှိ ရန်ကင်းစံရာ ရွာသည် မြစ်ကြောင်းဆပ်ကမ်းမြို့ ဖြစ်ခဲ့ဖူးသည် ။ အင်္ဂလိပ် အစိုးရလက်ထက်တွင် ညောင်တုန်းမြို့မှာ တိုးတက်လာခဲ့သည် ဟု သိရသည် ။ အညာကုန် နှင့် အောက်ကုန် လဲလှယ်ရောင်းချရာ ဆိပ်ကမ်းမြို့ကြီး အဖြစ်သို့ တစ်စတစ်စ ပြောင်းလဲလာခဲ့သည် ။ အောက်ကုန်များမှာ များသောအားဖြင့် ငပိ သာ များလေရာ ညောင်တုန်းမြို့တွင် ငပိ လှောင်ခြင်း ၊ ရောင်းချခြင်း အလုပ်သည် များစွာတွင်ကျယ်လာလေရာ ညောင်တုန်းမှ ငပိ ထွက်သည်ဟု ဆိုစမှတ် ပြုကြသည် ။ အမှန်စင်စစ်မှာ ငပိ မဟုတ်ပဲ ဆန်စပါး နှင့် ကိုင်းကုန်များသာ အဓိက ထွက်ကုန် ဖြစ်သည် ။

ညောင်တုန်းမြို့ရှိ ကျွန်းထိပ်ရပ်သည် ငပိ ရောင်းဝယ်ရာတွင် စည်ကားသော ရပ်ကွက် ဖြစ်ခဲ့သည် ။ သို့ရာတွင် ၁၉၂၀ ပြည့်နှစ်လွန်သောအခါ ၊ ညောင်တုန်း မြစ်ဆိပ်၌ သောင်ထွန်းလာသောကြောင့် သဘောင်္များ မဆိုက်ကပ် နိုင်တော့ချေ ။ ဤသို့ဖြင့် ဆိပ်ကမ်းနေရာမှာ တိမ်ကော၍ သွားခြင်းကြောင့် ညောင်တုန်းမြို့၏ ငပိ အရောင်းအဝယ် လုပ်ငန်းသည်လည်း ဆုတ်ယုတ်သွားခဲ့လေသည် ။ သို့သော် ထိုလုပ်ငန်းမှာ အစဉ်အလာအားဖြင့် ယနေ့တိုင် အနည်းငယ် ကျန်ရစ်သေးသည် ။

No comments:

Post a Comment