Wednesday, August 14, 2013

တာရွှန်း လူမျိုး

 
အလယ်ပိုင်း ချင်းလူမျိုးများတွင် အပါအဝင် ဖြစ်သော တာရွှန်း လူမျိုးသည် ရှေးအခါက ချင်းလူမျိုးများထဲတွင် အင်အားအကြီးမားဆုံး နှင့် အာဏာ အရှိဆုံး ဖြစ်ခဲ့သည် ။ ယင်းတို့၏ မူလဒေသမှာ ရွှန်ကလ ဖြစ်သည် ။ ရွာအမည်ကို အစွဲပြု၍ ရွှန်ကလလူမျိုးဟုလည်း ထင်ရှားသည် ။ 

ယင်းတို့၏ ဘိုးဘွား ဘီဘင်များသည် ထိုရွာ၏  ကျောက်တုံးကြီး တစ်ခုထဲမှ ပေါက်ဖွား လာကြ သူများ  ဖြစ်သည်ဟု  အစဉ်အလာ အယူရှိကြသည် ။ နှစ်ပေါင်းများစွာ ကြာလတ်သော် တာရွှန်း လူမျိုး အချို့တို့သည် ဖလမ်းမြို့ အနောက်ဘက်တွင် ကလရွှန်းရွာကို တည်ထောင်၍ နေကြပြန်သည် ။ ရွာအမည် ကလရွှန်းမှ တာရွှန်းဟူသော အမည် ဆင်းသက်လာသည် ဟု ဆိုသည် ။ များမကြာမီ ကလရွှန်း ရွာကို ဟားခါး ချင်းများ ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် နှစ်ပေါင်းများစွာ ဟားခါး ချင်းများ လက်အောက်တွင် သုံ့ပန်းများ အဖြစ်နေခဲ့ရပြီးနောက် ယင်းတို့နှင့် စေ့စပ်ကြေအေးကာ ဖလမ်းရွာကို တည်ထောင် နေထိုင်ခဲ့ကြပြန်သည် ။

ထို့နောက် မိမိတို့၏ ဆွေမျိုး သားချင်းများကို သာမက အခြားလူမျိုးတို့ကိုပါ ခေါ်ဆောင်၍ ဖလမ်း၌ နေထိုင်စေသည် ။ သို့သော် တာရွှန်း ( ရွှန်ကလ ) လူမျိုး အချို့တို့သည် ဖလမ်းသို့ လိုက်ပါမလာပဲ အခြားအရပ်၌လည်း နေထိုင်ကြလေသည် ။

No comments:

Post a Comment