Monday, August 5, 2013

The Rock

The Rock ဆိုတာနဲ့ ဘယ်သူဆိုတာ သိပြီးကြပြီး ဖြစ်မှာပါ ။ သူကတော့ American Actor တစ်ယောက်ဖြစ်ပြီး WWE ( World Wrestling Entertainment ) ရဲ့ semi-retired professional wrestler တစ်ယောက်လည်း ဖြစ်ပါသည် ။ သူ့ရဲ့ နာမည် အရင်းကတော့ Dwayne Douglas Johnson ဖြစ်ပြီး ၂ ရက် မေလ ၁၉၇၂ ခုနှစ်မှာ ဖခင် professional wrestler တစ်ဦးဖြစ်တဲ့  Rocky Johnson နှင့် မိခင် Ata Johnson တို့က  Hayward , California မှာ မွေးဖွားခဲ့ပါသည် ။ 

၁၉၉၁ ခုနှစ်မှာ The Rock ဟာ University of Maimi's National Champion Team ရဲ့ Football Player တစ်ယောက်လည်း ဖြစ်ခဲ့ ပါသည် ။ နောက်ပိုင်းမှာတော့ သူဟာ Canidian Football League မှ Calgary Stampeders အသင်းမှာ ကစားခဲ့ပါသည် ။ ဒါပေမဲ့ ၁၉၉၅ ခုနှစ်မှာ သူဟာ ၂ လတာ ကစားခြင်း ကို ရပ်နားထားခဲ့ပါသည် ။ ဒီလို ရပ်နာဒထားချိန်မှာပဲ သူဟာ သူ့အဖေ Rocky Johnson နှင့် သူ့အဖိုး Peter Maivia တို့လို Professional Wrestler တစ်ယောက်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ခြင်း ဖြစ်ပါသည် ။ 

ဒီလိုနဲ့ WWE မှာ သူစတင် ဝင်ရောက်လာခဲ့ပြီး The Rock မတိုင်ခင်  Rocky Maivia အမည်ဖြင့် စတင် ထိုးသတ်ခဲ့ပါသည် ။ ၁၉၉၆ မှ ၂၀၀၄ ခုနှစ် အတွင်းတွေမှာတော့ The Rock အဖြစ် ကျော်ကြားလာခဲ့ပြီး WWE သမိုင်းမှာ ပထမဦးဆုံး third-generation အဖြစ် အသိအမှတ်ပြုခံခဲ့ရပါသည် ။ ၂၀၀၄ နောက်ပိုင်း မှာတော့ The Rock ဟာ WWE မှ အနားယူခဲ့ပြီး အချိန်ပိုင်းအဖြစ် ၂၀၁၁ မှ စ၍ ပြန်လည် ပါဝင်လာခဲ့ပါသည် ။ 

The Rock ကို လူများက Greatest Professional Wrestler အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သိကြပါသည် ။ သူဟာ Championship ပြိုင်ပွဲပေါင်း ၁၇ ပွဲကို ယှဉ်ပြိုင် ထိုးသတ်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည် ။ ထိုပြိုင်ပွဲတွေကတော့ World Heavyweight Champion ပွဲတွေ ဖြစ်တဲ့ WWE Championship ၈ ကြိမ် ၊ WCW/World Championship ၂ ကြိမ် ၊ WWE Intercontinental Championship ၂ ကြိမ် နှင့် WWE Tag Team Championship ၅ ကြိမ် တို့ပဲ ဖြစ်ပါသည် ။ သူဟာ WWE Triple Crown ရဲ့ ဆဌမမြောက် Champion ဖြစ်ခဲ့ပြီး ၂၀၀၀ ခုနှစ် Royal Rumble တွင်လည်း အနိုင်ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည် ။

၂၀၀၀ ခုနှစ်မှာ The Rock ဟာ သူ့ရဲ့ ကိုယ်ရေး ရာဇဝင် စာအုပ်ကို Joe Layden နှင့် အတူ ရေးသား ထုတ်ဝေခဲ့ပြီး နံပတ် ၁ The New York Time Best Seller List အဖြစ် ရက်သတ္တပတ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ပါသည် ။ ၂၀၀၂ ခုနှစ်မှာတော့ The Rock ဟာ The Scorpion King ဇာတ်ကားမှာ ပထမဆုံး ပါဝင် သရုပ်ဆောင်ခဲ့ပါသည် ။ ထိုဇာတ်ကားတွင် သူဟာ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပြီး သရုပ်ဆောင်ကြေး US$ 5.5 millions ရရှိခဲ့ပါသည် ။ ထိုမျှမကသေးပဲ The Rundown , Be Cool , Walking Tall , Gridiron Gang , The Game Plan , Race to Witch Mountain , Planet 51 , Tooth Fairy , Doom , The Other Guys , Faster , Fast Five နှင့် Fast & Furious 6 ဇာတ်ကားများတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့ပြီး ကျော်ကြားသော အနုပညာရှင် တစ်ဦးလည်း ဖြစ်ပေသည် ။

မှတ်ချက် - WWE ( World Wrestling Entertainment ) မတိုင်ခင် WWF ( World Wrestling Federation ) ဟုခေါ်ခဲ့သည် ။ 

No comments:

Post a Comment