Tuesday, September 3, 2013

အနမ်း ၁၀၀















 အင်္ဂလန်တွင် အလုပ်လုပ်နေသော ယောက်ျားသည် အိန္ဒိယတွင် နေထိုင်သော သူ၏ မိန်းမထံသို့ စာတစ်စောင် ရေးသားလေသည် ။

သို့ 
ချစ်လှစွာသော မိန်းမရေ
မောင်ဒီလတော့ ပိုက်ဆံ မပို့နိုင်တော့ဘူးကွယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာမှာ စီးပွားပျက်ကပ်ဆိုက်နေတော့ ကိုယ့်တို့ ကုမ္ပဏီကိုလည်း လာထိတယ် ။ အဲဒါကြောင့် ပါ ။ ကိုယ့်ကို နားလည်ပေးနော် ။ ပိုက်ဆံ မပို့ နိုင်ပေမဲ့ အနမ်း အချက်တစ်ရာ ပို့ပေးလိုက်တယ်နော် ။ ဒီလတော့ အခြေအနေကို အဆင်ပြေသလိုသာ ထိန်းထားလိုက်နော် ။
သိပ်ချစ်တဲ့ မောင်

နောက်နှစ်ရက်လောက် အကြာတွင် မိန်းမဆီမှ ပြန်စာ ရောက်လာလေသည် ။

သို့
သိပ်ချစ်ရတဲ့ မောင်ရေ
အနမ်း အချက်တစ်ရာ ပို့လိုက်တဲ့အတွက် ကျေးဇူးပါ ။ ဒီလအတွက် အသုံးစရိတ်တွေကို အောက်မှာပါတဲ့ စာရင်းအတိုင်း မောင်ပို့ပေးတဲ့ အနမ်းတွေနဲ့ သုံးလိုက်တယ်နော် ။ 

၁ ။ နွားနို့ ပို့တဲ့ ဘာဘူက တစ်လစာ နို့အတွက် အနမ်း နှစ်ချက် ။
၂ ။ လျှပ်စစ်ရုံးက ဝန်ထမ်းကို အနမ်း ၇ ချက်ပေးပြီး မီးမဖြတ်ဖို့ သဘောတူလိုက်တယ် ။
၃ ။ အိမ်ရှင်ကို အိမ်ဌားခအတွက် တစ်နေ့ကို အနမ်း ၂ ချက် ၃ ချက် အမြဲပေးရတယ် ။ 
၎ ။ စူပါမားကတ်က ပိုင်ရှင်ကတော့ အနမ်းကို လက်မခံလို့ တခြားဟာ ပေးလိုက်တယ် ။ မောင်နားလည်မယ်လို့ ထင်ပါတယ် ။ 
၅ ။ တခြား တောက်တိုမယ်ရ လေးတွေအတွက် ကတော့ အနမ်း အချက် ၄၀ ။

မိန်းမကို စိတ်မပူပါနဲ့ မောင်ရယ် ။ ဒီလကုန်အထိ ကျန်တဲ့ အနမ်း ၃၅ ချက်နဲ့ လုံလုံလောက်လောက်ဖြစ်အောင် သုံးမှာပါ ။ နောက်လတွေ အတွက်ရော ဒီလိုပဲ သုံးဖို့ စဉ်းစားထားတယ် မောင် ။

အရမ်းချစ်တဲ့ မိန်းမ

Jokerz



No comments:

Post a Comment