Thursday, September 26, 2013

သေပြီ ဆရာ


















မိန်းကလေးတစ်ယောက် ဒေါသတကြီးနှင့် ကွန်ပျူတာ အရောင်းပြခန်းအတွင်း သို့ ဝင်လာပြီး သူမဝယ်ထားသော Laptop အသစ်ကို သူမဝယ်ခဲ့သော အရောင်းစာရေး ကောင်လေး၏ စားပွဲပေါ်သို့ ဝုန်းကနဲ ပစ်ချလိုက်လေသည် ။ ထို့နောက် မိန်းကလေးမှာ ဒေါနှင့် မောနှင့် ...... 

မိန်းကလေး ။   ။ နင် ငါ့ကို ဒီ Laptop အသစ်ကို လိမ်ရောင်းလိုက်တယ် မှတ်လား ။ ငါ့ ကွန်ပျူတာ Desktop အဟောင်းကနေ ဒီ Laptop အသစ်ထဲကို File တွေ ကူးထည့်လို့ မရဘူး ။

အရောင်းစာရေး ။   ။ အာ .... ရပါတယ် အစ်မရာ ။ အစ်မက ဘယ်လို လုပ်ခဲ့လို့တုန်း ။ ကျေးဇူးပြုပြီး ကျွန်တော့်ရှေ့မှာ လုပ်ပြပါလားဗျာ ။

ထို့နောက် မိန်းကလေးမှာ ဆိုင်မှ ကွန်ပျူတာထဲမှ ဖိုင် ကို သူမ၏ အသစ်ဝယ်ထားသော Laptop ထဲသို့ ဤသို့ ကူးထည့်လေတော့သည် ။

အဆင့် ( ၁ ) ဆိုင်မှ ကွန်ပျူတာထဲတွင် ရှိသော New Folder အပေါ်တွင် Right Click နှိပ်ကာ Copy အား နှိပ်လေသည် ။

အဆင့် ( ၂ ) ထို့နောက် ကွန်ပျူတာမှ Mouse ကို ဖြုတ်လိုက်လေသည် ။

အဆင့် ( ၃ ) ပြီးလျှင် ထို Mouse ကို ဖြည်းညင်းစွာ ကိုင်တွယ်ပြီး သူမ ကူးယူလိုသော သူမ၏ အသစ်စက်စက် Laptop တွင် တပ်လိုက်လေသည် ။

အဆင့် ( ၄ ) ထို့နောက် သူမ ကူးယူလိုသော နေရာသို့ သွားကာ Right Click နှိပ်ကာ Paste အား နှိပ်လိုက်လေသည် ။ 

ဤသည်ကို မြင်တွေ့ရသော အရောင်းစာရေး ကောင်လေးမှာ ပါးစပ်အဟောင်းသားကလေးနှင့် ဘာပြောရမှန်းပင် မသိ ဖြစ်နေရှာတော့သည် ။

Jokerz ( ဘာသာပြန်သည် )

No comments:

Post a Comment