Wednesday, September 25, 2013

မိုးပျံပူဖောင်း ( ၁၈ + )


















 ကယ်လ်ဗင် နှင့် သူ၏ အမေတို့ ရေအတူတူ ချိုးနေကြသည် ။ ထိုသို့ ရေချိုးနေစဉ် ကယ်လ်ဗင်က သူ၏ အမေအား ဤသို့ မေးလေသည် ။

ကယ်လ်ဗင် ။   ။ အမေ အမေ့ရင်ဘတ်ပေါ်က အဲဒီဟာတွေက ဘာတွေလဲဟင် ။
ထိုသို့ ကယ်လ်ဗင် မှ ရုတ်တရက် မေးလိုက်သောကြောင့် အမေ ဖြစ်သူမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး ဘာဖြေရမှန်းမသိ ဖြစ်နေလေသည် ။ ထို့နောက် ..

အမေ ။   ။ ဒီကောင်လေး ဘာတွေ လျှောက်မေးနေလဲ မသိဘူး ။ ညနေ မင်း အဖေ ပြန်လာမှ မေး ။

ကယ်လ်ဗင် လည်း အဖေ ပြန်လာမှ မေး ဆိုသောကြောင့် စိတ်ထဲတွင် မှတ်ထားလေသည် ။ ညနေ သူ၏ အဖေ အလုပ်မှ ပြန်လာသောအခါ ထိုမေးခွန်းအား ထပ်မေးလေတော့သည် ။

အဖေ ။   ။ အဲဒါ မိုးပျံပူဖောင်း တွေလို့ ခေါ်တယ် သားရဲ့ ။ သားရဲ့ အမေ သေသွားတဲ့ အခါ အဲဒီ မိုးပျံပူဖောင်းတွေကို မှုတ်လိုက်ရင် သားရဲ့ အမေဟာ ကောင်းကင်ပေါ်ကို ပျံတက်ပြီး ကောင်းရာမွန်ရာ ရောက်တာပေါ့ကွယ် ။

ဟု ပြီးစလွယ် ပင် ဖြေလိုက်လေတော့သည် ။ ဤ သည်ကို ကယ်လ်ဗင်က စိတ်ထဲတွင် စွဲစွဲမြဲမြဲ မှတ်ထားလေသည် ။ 

နောက်နေ့တွင် အဖေ ဖြစ်သူမှာ အလုပ်မှ စောစောပြန်လာလေသည် ။ အဖေ ဖြစ်သူ ပြန်လာသည်ကို မြင်သော ကယ်လ်ဗင် မှာ အမောကကော ပြေးလာပြီး 

ကယ်လ်ဗင် ။   ။ အဖေ အဖေ ၊ အမေတော့ သေနေပြီ ။

ထိုသို့ ပြောလိုက်သောကြောင့် အဖေ ဖြစ်သူမှာ ကြောင်သွားပြီး 

အဖေ ။   ။ ဖြေးဖြေးပြောပါ သားရယ် ။ ဘာဖြစ်လို့ သား အမေက သေရမှာတုန်းကွဲ့ ။

ကယ်လ်ဗင် ။    ။ ဟိုဘက် အိမ်က ဦးဦး ရော်နီ လေ ခုနက ရောက်လာပြီး အမေ့ရဲ့ မိုးပျံပူးဖောင်းတွေကို မှုတ်နေတယ် အဖေ ။

Jokerz ( ဘာသာပြန်သည် )

No comments:

Post a Comment