Monday, September 2, 2013

ဘဝ တစ်လျှောက်မှာ

ငါ့ကို မွေးတုန်းက ငါ့ကို
ထွေးပွေ့ပြီး ထိန်းကျောင်းခဲ့တဲ့ မိန်းမ ..... ငါ့ အမေ
 
ငါကြီးပြင်းလာပြီး ငါ့ကို
ဂရုတစိုက်နဲ့ အတူတူ ဆော့ခဲ့တဲ့ မိန်းမ ..... ငါ့ အစ်မ

ငါကျောင်းသွားခဲ့ပြီး ငါ့ကို
သေချာစွာ သင်ကြားပေးခဲ့တဲ့ မိန်းမ ..... ငါ့ ဆရာမ
 
ငါဘဝကို အရှူံးပေးမယ်ကြံတိုင်း ငါ့ကို
စိတ်ဓာတ်မကျအောင် ခွန်အားတွေ ပေးတဲ့ မိန်းမ ...... ငါ့ ရည်းစား
 
ငါ့မှာ ကုမ္ပဏီ နဲ့ စီးပွားရေး အတည်တကျ ဖြစ်တဲ့အခါ ငါ့ကို
မညည်းမညူ ပြုစုပေးခဲ့တဲ့ မိန်းမ ..... ငါ့ မယား
 
ငါ အိမ်ထောင်သက် ကြာလာပြီး ရင့်ကျက်လာတဲ့အခါ ငါ့ကို
တီတီတာတာနဲ့ အရည်ပျော်အောင် ပြောနိုင်တဲ့ မိန်းမ ..... ငါ့သမီး
 
ငါသေသွားခဲ့ရင်လည်း ငါ့ကို
လက်ခံပြီး ကြည့်ရှူ့ပေးမဲ့ နေရာ ...... Motherland

သင် ယောက်ျားတစ်ဦး ဖြစ်ခဲ့လျှင် မိန်းမတွေ အတွက် တန်ဖိုး ရှိစေပါ ။
သင် မိန်းမတစ်ယောက် ဖြစ်ခဲ့လျှင်လည်း ကိုယ့်ကိုယ်ကို ဂုဏ်ယူပါ ။
မိန်းမများကို လေးစားစွာ ဆက်ဆံပါ ။

Jokerz ( ဘာသာပြန်သည် )

No comments:

Post a Comment