Friday, September 20, 2013

စာမေးပွဲ


















မနက်ဖြန်တွင် စာမေးပွဲ ဖြေဆိုရမည် ဖြစ်သော်လည်း အင်ဂျင်နီယာကျောင်းသားများ ဖြစ်ကြသည့်  မောင်သော် ၊ မောင်ဘ ၊ မောင်ရွှေ နှင့် မောင်ခန့် တို့ သူငယ်ချင်း ၄ ယောက် ည ၁၀ နာရီ ထိုးသည့်တိုင် ဘောလုံးကန်ဆဲဖြစ်သည် ။ 

ကန်ကောင်းကောင်းနှင့် ကန်လိုက်ကြသည်မှာ နံနက်မိုးလင်း အထိ ဖြစ်ပြီး ကိုယ်စီ ကိုယ်စီမှာလည်း အလွန်ပင် ညစ်ပတ်ပေရေ နေပေပြီ ။ ထို့နောက် ကျောင်းသို့ သွားရောက်ကာ စာမေးပွဲခန်းသို့ အဝင် ဆရာ နှင့် တိုးလေသည် ။

မောင်သော် ။   ။ ညက မောင့်ရွှေရဲ့ အစ်မ မင်္ဂလာဆောင်ရှိလို့ သွားကူပါတယ် ဆရာ ။ အပြန် မှာ ကားက ဘီးပေါက်လို့ ကျွန်တော်တို့ ၄ ယောက်သား ကျောင်းအထိ ရောက်အောင် တွန်းလာရလို့ အခုလို ညစ်ပတ် ပေရေ နေကြတာပါ ။ 

ဆရာ ။   ။ အေးလေ ...... အဲဒါဆိုလည်း ဒီနေ့ စာမေးပွဲကို မင်းတို့ ၄ ယောက်အတွက် နောက် ၃ ရက်နေရင် ပြန်စစ်မယ် ။ အခုတော့ အိမ်ပြန်ကြတော့ ။

မောင်ရွှေ ။   ။ ကျေးဇူးတင်ပါတယ် ဆရာ ။ ကျွန်တော်တို့ လည်း စာတွေ တော်တော်ရနေကြပါပြီ ။ အခုလို အချိန်ရွှေ့ပေးတာ ကျေးဇူးပါ ။ ကျွန်တော်တို့ကို ပြန်ခွင့် ပြုပါဦး ဆရာ ။ 

ဆရာ ။   ။ အေး ... အေး ။

ထိုသို့ ဖြင့် သူငယ်ချင်း ၄ ယောက်မှာ ပျော်သွားကြပြီး စာမေးပွဲ ဖြေမည့် ရက်ကို စောင့်နေကြလေတော့သည် ။ 

စာမေးပွဲဖြေရမည်နေ့ ရောက်သောအခါ ........

ဆရာ ။    ။ မင်းတို့ ၄ ယောက်ကို တစ်ခန်းထဲ အတူတူတော့ ပေးမဖြေနိုင်ဘူး ။ တစ်ယောက် တစ်ခန်းစီ ဖြေရမယ် ။ 

ဤသို့ဖြင့် ၄ ယောက် မှာ တစ်ယောက်တစ်ခန်းစီတွင် စာမေးပွဲဖြေဖို့ရန် စောင့်ဆိုင်းကြရလေသည် ။ ခဏ ကြာသောအခါ ဆရာမှ မေးခွန်းကို ဝေလေသည် ။ မေးခွန်းမှာ အောက်ပါ အတိုင်း ဖြစ်လေသည် ။

၁ . မိမိ၏ အမည်နာမအား မှန်ကန်စွာ ဖြည့်စွက်ပါ ။ ( ၂ မှတ် )
......................................................

၂ . ပေါက်ခဲ့သော ကားဘီး၏ တည်နေရာကို အမှန်ခြစ်ပါ ။ ( ၉၈ မှတ် )
( ၁ ) အရှေ့ညာဘီး
( ၂ ) အနောက်ညာဘီး
( ၃ ) အရှေ့ယာဘီး
( ၄ ) အနောက်ယာဘီး

ဟူ၍ ဖြစ်လေသည် ။

Jokerz ဘာသာပြန်သည် ။

No comments:

Post a Comment