Thursday, September 19, 2013

အိမ်ရှင်မ နှင့် အိမ်ဖော်
















တစ်နေ့ မှာ တော့ အိမ်ဖော် ဟာ အိမ်ရှင်မ ဆီမှာ လစာ တိုးတောင်းသတဲ့ ။ ဒါနဲ့ အိမ်ရှင်မလဲ စိတ်ပျက်သွားပြီး အိမ်ဖော်ကို မေးလိုက်တယ် ။

အိမ်ရှင်မ ။   ။ ဟုတ်ပြီ ၊ နင်က ဘာဖြစ်လို့ လစာကို ပိုလိုချင်ရတာလဲ ။

အိမ်ဖော် ။   ။ ကျွန်မမှာ လစာပိုလိုချင်ရတဲ့ အကြောင်း ၃ ခု ရှိပါတယ် ။

အိမ်ရှင်မ ။   ။ ကဲ ပြောစမ်းပါဦး ။ 

အိမ်ဖော် ။   ။ ကျွန်မ အဝတ်အစားတွေကို မီးပူ တိုက်တာ အစ်မထက် ပိုတော်ပါတယ် ။

အိမ်ရှင်မ ။   ။ မင့်ကို ဘယ်သူက ငါ့ထက် ပိုတော်တယ်လို့ ပြောတုန်း ။

အိမ်ဖော် ။   ။ အစ်မ ယောက်ျားပါ ။

အိမ်ရှင်မ ။   ။ ငါ့ယောက်ျား ၊ ကဲ ထားပါလေ ။ ဒုတိယ အကြောင်းအရင်းကို ပြောစမ်းပါဦး ။

အိမ်ဖော် ။   ။ ကျွန်မက အစ်မထက် ဟင်းချက် ပိုကောင်းပါတယ် ။

အိမ်ရှင်မ ။    ။ အဲဒါကိုရော ဘယ်သူကပြောလဲ ။

အိမ်ဖော် ။   ။ အစ်မရဲ့ ယောက်ျားပါပဲ ။

အိမ်ရှင်မ ။   ။ ငါ့ ယောက်ျားပဲ လား ။ ကဲ နောက်ဆုံးတစ်ချက်ကို ပြောစမ်းပါဦး ။ 

အိမ်ဖော် ။   ။ ကျွန်မက အစ်မထက် အိပ်ယာပေါ်မှာ ယောက်ျားတွေ ကို ပြုစုတာ ပိုတော်ပါတယ် ။

ထိုသို့ ပြောလိုက်သဖြင့် အိမ်ရှင်မမှာ ဒေါသများထွက်လာပြီး မျက်နှာမှာလည်း နီရဲ လာလေသည် ။ 

အိမ်ရှင်မ ။   ။ ဒါလည်း ငါ့ယောက်ျားပြောတာပဲ မှတ်လား ။ ပြန်လာပစေဦး ။ ပြန်လာမှ ငါ့အကြောင်း ဒင်း ကောင်းကောင်း သိစေရမယ် ။

အိမ်ဖော် ။    ။ မ .... မဟုတ်ပါဘူး အစ်မ ။ အဲဒါကိုတော့ ခြံထဲမှာ အလုပ်လုပ်တဲ့ ခြံစောင့်က ပြောတာပါ ။

ထိုသို့ အိမ်ဖော်က ပြောလိုက်သဖြင့် အိမ်ရှင်မမှာ ချက်ချင်းဆိုသလို ပြန်ပြောလိုက်ပုံက

အိမ်ရှင်မ ။   ။ သြော် ..... အေး ... အေး ၊ အဲဒါဆိုလဲ လစာပိုပေးရတာပေါ့ ။     ..... တဲ့

Jokerz ဘာသာပြန်သည် ။

No comments:

Post a Comment