Wednesday, September 25, 2013

ဘယ်လိုမှ မဖြစ်နိုင်ဘူး













စာသင်ချိန် ပြီးဆုံး၍ မုန့်စားချိန် ပေးသောအခါ ကျောင်းသူ ကျောင်းသား အားလုံးမှာ မုန့်ဈေးတန်းသို့ အပြေးအလွှား ထွက်သွားကြလေသည် ။ သို့ပေမဲ့ မေရီ နှင့် ဂျော်နီ ဆိုသော ကလေး ၂ ယောက်မှာ သူများ နည်းတူ မသွားပဲ အခန်းထဲတွင် ကျန်ရစ်နေလေသည် ။ ဤသည်ကို ဆရာမ မြင်သောအခါ ......

ဆရာမ ။   ။ ဟေ့ ...... မေရီ နဲ့ ဂျော်နီ မုန့်သွားဝယ်မစားကြဘူးလား ။

မေရီ ။   ။ မစားဘူး ဆရာမ ၊ ဆရာမကို မေးစရာ ရှိလို့ပါ ။

ဆရာမ ။   ။ ဘာလဲကွဲ့ မေးလေ ။ ဆရာမ ဖြေမှာပေါ့ ။

မေရီ ။   ။ ဆရာမ ၊ သမီး အမေက ကိုယ်ဝန်ဆောင်လို့ ရလား ဟင် ။

ဆရာမ ။   ။ သမီး အမေက အသက် ဘယ်နှနှစ် ရှိပြီတုန်းကွဲ့ ။

မေရီ ။   ။ အသက် ၄၀ ပါ ဆရာမ ။

ဆရာမ ။   ။ သြော် ဒါဆို ကိုယ်ဝန်ဆောင်နိုင်တာပေါ့ ။

မေရီ ။   ။ ဒါဆို သမီး အစ်မရော ကိုယ်ဝန်ဆောင်လို့ ရလား ဟင် ။

ဆရာမ ။   ။ သူကရော အသက် ဘယ်နှနှစ်တုန်း ။ 

မေရီ ။    ။ ၁၉ နှစ်ပါ ဆရာမ ။ 

ဆရာမ ။   ။ သေချာတာပေါ့ သမီးရယ် ။ သူဆိုရင် ပိုလို့တောင် ရသေး ။

မေရီ ။   ။ ဒါဖြင့် သမီးရော ကိုယ်ဝန်ဆောင်လို့ ရလား ဟင် ။

ဆရာမ ။   ။ သမီး အသက်က ဘယ်နှနှစ်တုန်း ( ရီကျဲကျဲဖြင့် ) ။

မေရီ ။   ။ ၉ နှစ်ပါ ဆရာမ ။ 

ဆရာမ ။   ။ ၉ နှစ် ဆိုရင် တော့ ဘယ်လိုမှ ကိုယ်ဝန်ဆောင်လို့ မရပါဘူး သမီးရယ် ။

ဤတွင် မေရီမှာ သူမ၏ နောက်တွင် ထိုင်နေသော ဂျော်နီ့ ဘက်သို့ လှည့်၍ 

မေရီ ။   ။ တွေ့လား ဂျော်နီ ၊ ငါပြောသားပဲ ..... ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ..... ဆို ။

Jokerz ( ဘာသာပြန်သည် )

No comments:

Post a Comment