Friday, September 20, 2013

ကောင်းမှုတော်ဘုရား




















ကောင်းမှုတော် ဘုရား သည် စစ်ကိုင်းမြို့ မြောက်ဘက် ၆ မိုင်ကွာတွင် တည်ရှိ၍ ရာဇမဏိစူဠာစေတီ ဟုလည်း အမည်တွင်သည် ။ မြန်မာသက္ကရာဇ် ၉၉၈ ( ခရစ် ၁၆၃၆ ) ခုနှစ် တော်သလင်း လဆန်း ၁၀ ရက် တနင်္လာနေ့တွင် အင်းဝ ဘုရင် တည်ထားကိုးကွယ်ခဲ့သော စေတီ ဖြစ်သည် ။

စေတီကို ပစ္စယံ ၃ ဆင့် ခံ၍ သပိတ်မှောက်ထားသကဲ့သို့ တည်ထားသည် ။ ထိုကဲ့သို့ စပါး ပုံသဏ္ဏာန် စေတီတော်မျိုးကို သီဟိုဠ်ကျွန်းတွင် အတွေ့ရများလေသည် ။ စေတီ၏ ဥာဏ်တော်မှာ အတောင် ၁၀၁ ၊ လုံးပတ် ၅၀၂ တောင် ၂ မိုက် ၄ သစ် နှင့် စေတီ တည်ရာတွင် အုပ်ချပ်ရေပေါင်း ( ၁၀၁၂၆၅၅၂ ) ချပ် ပါဝင်သည် ဟု ဆိုသည် ။ ကျောက်ဆီမီးတိုင် ၈၀၂ တိုင်တို့ဖြင့် စေတီကို ဝိုင်းရံထားလေသည် ။ 

မြန်မာ ၊ မွန် နှင့် ယွန်း ( ရှမ်း ) အက္ခရာ တို့ဖြင့် ရေးသားထားသော နိပတ်ခင်း ရုပ်စုံ ၊ ဗုဒ္ဓဝင် နှင့်  ၃၁ ဘုံ တို့ကို နံရံတွင် ရေးခြယ်ထားသည် ။ တံခါး ၄ မျက်နှာ တွင် အုတ်ပြဿဒ် များ ဆောက်လုပ် ထားသည် ။ စေတီ တည်ပြီးနောက် ကောင်းမှုတော် စေတီ ကျောက်စာကို ရေးထိုး ထားခဲ့သည် ။ ထိုကျောက်စာအရ သက္ကရာဇ် ၉၉၈ ခု ၊ နတ်တော် လပြည့်ကျော် ၁ ရက် သောကြာနေ့တွင် သာလွန် မင်းတရားကြီး အမြဲ ကိုးကွယ် သည့် စွယ်တော် ၊ ဆံတော် တို့ အပြင် အရပ်ရပ်မှ ချီပင့်လာသော ဓာတ်တော် မွေတော် နှင့် ပတ္တမြား ၊ ရွှေ ၊ ငွေ ၊ ပယင်း ၊ မိုးကြိုး စေတီ များကို ဌာပနာတော်မူကြောင်း သိရသည် ။

No comments:

Post a Comment