Thursday, September 12, 2013

ကော့ကရိတ်မြို့

ကော့ကရိတ်မြို့ သည် အောက်မြန်မာပြည် တနင်္သာရီတိုင်း ၊ ကျိုက္ခမီခရိုင် ၊ ကော့ကရိတ်နယ်၏ နယ်ပိုင် ရုံးစိုက်ရာ မြို့ဖြစ်၍ မော်လမြိုင်မြို့ အရှေ့ဘက် မိုင် ၅၀ ခန့် အကွာတွင် တည်ရှိသည် ။ မော်လမြိုင်မြို့မှ ဂျိုင်းမြစ် အတိုင်း မိုင် ၄၀ ခန့် ဆန်တက်ကာ ဟောင်သရော မြစ်လက်တက် ဖက်သို့ ချိုးဝင်ပါက ကျုံဒိုးရွာသို့ ရောက်၍ ထိုမှတဆင့် မော်တော်ကားဖြင့် ကော့ကရိတ်သို့ ၁၅ မိုင်ခန့် သွားရသည် ။ 

ကော့ကရိတ်မြို့သည် ထိုင်း - မြန်မာ နယ်စပ်ဖြစ်သော မြဝတီမြို့နှင့် ၄၁ မိုင်မျှသာ ကွာဝေး၍ ကားလမ်းဖြင့် ဆက်သွယ်ထားသည် ။ သို့ဖြစ်၍ ကော့ကရိတ်မြို့မှာ ထိုင်း နှင့် မြန်မာ ကူးသန်းရောင်းဝယ်ရာ တွင် အချက်အချာ ဌာန တစ်ခု ဖြစ်လေသည် ။ 

ထိုင်း ၊ ရှမ်း ၊ မွန် ၊ မြန်မာ ၊ ကရင် ၊ တရုတ် ၊ ကုလား စသည်ဖြင့် လူမျိုးပေါင်းစုံ နေထိုင်၍ တောင်သူလယ်သမား အဖြစ် အသက်မွေးမြူသူ များပြားသည် ။

ကော့ကရိတ်မြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၃.၂ ခန့်ရှိ၍ ရှေးအခါက ဟောင်သရောနယ်ဖြစ်ခဲ့ဘူးသည် ။ ယခုအခါ ကော့ကရိတ်မြို့ နှင့် ကြာအင်းနယ် ၂ ခုပေါင်း၍ နယ်ပိုင် ဝန်ထောက် အုပ်ချုပ်လေသည် ။ ဤမြို့နယ် ၂ ခု ကို ကရင် ပြည်နယ် သို့ ပူးပေါင်း သွတ်သွင်းရန် ၁၉၅၂ ခုနှစ် တွင် သတ်မှတ်ခဲ့သည် ။

No comments:

Post a Comment