Tuesday, September 24, 2013

ညောင်လေးပင်မြို့

ပဲခူးခရိုင် ၊ ညောင်လေးပင်နယ် ၊ ညောင်လေးပင် အရှေ့နှင့် အနောက် မြို့နယ်တို့ ၏ ရုံးစိုက်ရာ မြို့ ဖြစ်သည် ။ မီးရထားလမ်းဖြင့်    ပဲခူးမှ ၄၆ မိုင် ၊   ရန်ကုန်မှ ၉၃ မိုင် မျှ ကွာဝေးသည် ။ 

ရန်ကုန်-မန္တလေး ကားလမ်းမကြီး မှာ လည်း ညောင်လေးပင် မြို့လယ် ကို  ဖြတ်သန်းသွား  လေသည် ။  ပဲခူးမြောက်ပိုင်း  စပါးရောင်းဝယ် တင်ပို့ရာ      ဗဟိုဌာန တစ်ခု ဖြစ်၍  အတော်ပင်  စည်ကားသည် ။ 

ညောင်လေးပင်မြို့တွင် မြို့နယ် စည်ပင် အဖွဲ့ရှိ၍ မြို့တွင်း ကိစ္စများကို စီမံဆောင်ရွက်ရသည် ။ ညောင်လေးပင်နယ်တွင် ညောင်လေးပင်မြို့နယ် ၊ ညောင်လေးပင် အနောက်မြို့နယ် နှင့် ဒိုက်ဦး မြို့နယ်များ ပါဝင်လေသည် ။ ညောင်လေးပင် အရှေ့မြို့နယ်တစ်ဝှန်းလုံးမှာ အများအားဖြင့် ဆန်စပါးကို အဓိကထား၍ စိုက်ပျိုးသော လယ်ယာများသာ ဖြစ်သည် ။ ညောင်လေးပင် အနောက်မြို့နယ် မှာမူ ကုန်မြင့် ဒေသများ ၊ တောင်တန်းများ ဖြစ်၍ လယ်ယာလုပ်ကိုင်ကြသော်လည်း အမည်းငယ်မျှသာ ဖြစ်သည် ။

ညောင်လေးပင်မြို့မှ အရှေ့ဘက် ၁၂ မိုင်ခန့် ဝေးသော မဒေါက်သို့ မီးရထားလမ်းခွဲ တစ်ခုရှိ၍ မဒေါက်မှ စစ်တောင်းမြစ်ကို ဖြတ်ကူးလိုက်လျှင် တောင်ငူခရိုင် အပိုင် ရွှေကျင်မြို့သို့ ရောက်ရှိနိုင်လေသည် ။
 
ညောင်လေးပင်မြို့မှာ နယ်ပိုင်ဝန်ထောက် ရုံးစိုက်သော မြို့ဖြစ်သည့် အားလျော်စွာ အစိုးရရုံးများ ၊ ကျောင်း ၊ ဆေးရုံ ၊ ဈေး စသော အဆောက်အအုံ များဖြင့် စည်စည်ကားကား ရှိသည် ။ မြို့နယ်မှာ စပါးအထွက်များသော နယ်ဖြစ်သည့် အပြင် မီးရထားလမ်း ၊ ကားလမ်း များ ရှိသောကြောင့် အရောင်းအဝယ် တွင်ကျယ်လေသည် ။ ပဲခူးခရိုင် အတွင်း တတိယ အကြီးဆုံး မြို့လည်း ဖြစ်လေသည် ။

No comments:

Post a Comment