Friday, September 13, 2013

အခွင့် အရေး













တစ်ခါတုန်းက ကောင်လေးတစ်ယောက် ဟာ သူ့တို့ နယ်မှာ ရှိတဲ့ လယ်သမားကြီးရဲ့ သမီးချောချောလှလှလေးကို သဘောကျမိသတဲ့ ။ အဲဒါကြောင့် လယ်သမားကြီးဆီ မှာ လက်ထပ်ခွင့် ပေးဖို့ တောင်းဆို သတဲ့ ။

လယ်သမား ။   ။ ကောင်းပြီ ။ ဒါပေမဲ့ ငါ လုပ်ခိုင်းတဲ့ အတိုင်းလုပ်နိုင်ရင်တော့ သဘောတူရမှာပေါ့ ။ မင်းက လယ်ကွင်းထဲမှာ ရပ်နေ ၊ ငါက ခြံထဲက ကျွဲ ၃ ကောင်ကို လွှတ်လိုက်မယ် ။ အဲဒီ ၃ ကောင်ထဲက တစ်ကောင်ရဲ့ အမြီးကို မင်း ဆွဲနိုင်ရင် ငါ့ သမီး နဲ့ မင်းကို လက်ထပ်ပေးမယ် ။ 

ဒါနဲ့ ကောင်လေးကလည်း သဘောတူပြီး လယ်ကွင်းထဲမှာ ရပ်နေသတဲ့ ။

ဒီလိုနဲ့ လယ်သမာကြီးက ပထမဦးဆုံးအဖြစ် ကြီးမားပြီး သန်မာတဲ့ ကျွဲကြီးကို လွှတ်လိုက်တယ် ။ 

ကောင်လေး ။   ။ ကျွဲကြီးက တော်တော်သန်မာပြီး ကြံ့ခိုင်တာပဲ ၊ ငါနဲ့ မဖြစ်ဘူး ၊ နောက်တစ်ကောင်ဆိုရင်တော့ သူ့ထက် သေးပြီး သန်မာမှုလဲ သိပ်ရှိမှာမဟုတ်ပါဘူး ။ နောက်တစ်ကောင် ကျမှပဲ ရအောင် ဆွဲတော့မယ် ။

ဒီလိုနဲ့ ကောင်လေးလည်း သူ့ဆီ အပြေးလာနေတဲ့  ကျွဲကြီး ရဲ့ အမြီးကို မဆွဲတော့ပဲ အလိုက်သင့် ရှောင်ပေးလိုက်လေသည် ။

အဲသလိုနဲ့ လယ်သမားကြီး က နောက်ထပ် ကျွဲ တစ်ကောင်ကို ထပ်လွှတ်လိုက်ပြန်တယ် ။ 

ကောင်လေး ။   ။ အားပါးပါး နည်းတဲ့ ကောင်ကြီး မဟုတ်ပါလား ၊ ခုနက အကောင်ထက်တောင် ကြီးပြီး သန်မာနေသေးပါလား ၊ မျက်လုံးတွေကလည်း တစ်ကယ် ချတော့မဲ့ အတိုင်းပဲ မဖြစ်ဘူး ၊ နောက်တစ်ကောင် ဆိုရင်တော့ ဒီလို သန်မာတဲ့ ကောင်တွေ မရှိတော့လောက်ဘူး ထင်တယ် ။ နောက်တစ်ကောင်မှပဲ ရအောင် ဆွဲတော့မယ်ကွာ ။ 

ဒီတစ်ကြိမ်မှာလည်း ကောင်လေးဟာ အပြေးလာနေတဲ့ ကျွဲကို အလိုက်သင့်ပဲ ရှောင်ပေးလိုက်ပြန်ပါတယ် ။

နောက်ဆုံး တစ်ကောင်ဖြစ်တဲ့ ကျွဲ ကို လယ်သမားကြီးက ထပ်မံ လွှတ်ပေးလိုက်ပြန်ပါတယ် ။ 

ကောင်လေး ။   ။ ငါထင်တဲ့ အတိုင်းပဲ နောက်ဆုံးတစ်ကောင်က ပိန်ပြီးတော့ သန်သန်မာမာ မရှိတဲ့ကောင်ပဲ ။ ကဲ အမြီးကို ရအောင်ဆွဲ လိုက်တော့မယ် ။ 

အချိန်အတော်ကြာအောင် ကောင်လေးမှာ နောက်ဆုံးကျွဲကို ပတ်ချာလည် ကြည့်နေမိပါတယ် ။ ပြီးတာနဲ့ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး မြေပြင်ပေါ် ထိုင်လျက်ကလေး ကျသွားလေတယ် ။ 

ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံးလွှတ်လိုက်တဲ့ ကျွဲမှာ အမြီး ပါမလာဘူးလေ ။

>>>>>>>

ဒီမှာ သင်ခန်းစာ ယူရမှာကတော့ 

ဘဝဟာ အခွင့်အရေးတွေနဲ့ ပြည့်နှက်နေတယ် ။ တစ်ချို့က လွယ်ကူပြီး တစ်ချို့က ခက်ခဲတယ် ။ ရောက်လာတဲ့ အခွင့်အရေး တွေကို လက်လွှတ်လိုက်တဲ့ အခါမှာ အဲဒီ အခွင့် အရေးဟာ ဘယ်တော့မှ နောက်တစ်ကြိမ် ပြန်မရောက်လာနိုင်ဘူး ။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် ပထမဦးဆုံး ရောက်လာတဲ့ အခွင့်အရေးကို ဘယ်တော့မှ လက်လွှတ် ဆုံးရှူံး မခံပါနှင့် ။

Jokerz ( ဘာသာပြန်သည် )

No comments:

Post a Comment