Sunday, September 8, 2013

ပုဏ္ဍားကျွန်းမြို့














ပုဏ္ဍားကျွန်းမြို့ သည် စစ်တွေခရိုင် အလယ်ပိုင်းရှိ ပုဏ္ဍားကျွန်းမြို့နယ်၏ ရုံးစိုက်မြို့လည်း ဖြစ်သည် ။ ပုဏ္ဍားကျွန်းမြို့နယ်သည် ကုလားတန်မြစ် နှင့် မယူမြစ်တို့အကြား ကျဉ်းမြောင်း ရှည်လျားသော မြို့နယ် ဖြစ်၍ ၇၀၄ စတုရန်းမိုင်း ကျယ်ဝန်းသည် ။ မြို့နယ်၏ တောင်ပိုင်းတွင် ဒီရေ အတက်အကျရှိသော ချောင်းငယ်များ  ပိုက်ကွန်ကဲ့သို့ ယှက်သန်းနေသည် ။ မြောက်ပိုင်းတွင်ကား တောင်ကုန်းထူထပ်သည် ။ 

ချောင်း မြောင်း များ ယှက်သန်းရာ မြေနိမ့် ဒေသရှိ ကုလားတန်မြစ်၏ လက်ျာဖက်ကမ်းတွင် ပုဏ္ဍားကျွန်းမြို့ တည်ရှိသည် ။ စစ်တွေမြို့ မှ ရေကြောင်း ဖြင့် ၁၆ မိုင် ဝေးကွာသည် ။ ပုဏ္ဍားကျွန်းမြို့ ၏ ဝန်းကျင်သည် မြေသြဇာ ကောင်းသော မြေပြန့်ဒေသ ဖြစ်သဖြင့် ဆန်စပါး စိုက်ပျိုးလုပ်ကိုင်ရာ ၊ ယင်းမြို့၏ အဓိက ထွက်ကုန်လည်း ဖြစ်ပေသည် ။ 

ပုဏ္ဍားကျွန်းမြို့၏ တန်ခိုးကြီး ဘုရားမှာ ဦးရစ်တောင်ဘုရား ဖြစ်သည် ။ ယင်းဘုရားကို အစွဲပြု၍ ပုဏ္ဍားကျွန်းမြို့ကို ဦးရစ်တောင်မြိုက ဟုလည်း ခေါ်တတ်ကြပေသည် ။

No comments:

Post a Comment