Monday, September 2, 2013

Virgin Colada















Smoothie အမျိုးအစား ထဲမှာ ပါဝင်တဲ့ Virgin Colada ပြုလုပ်ပုံလေးကို ဒီတစ်ခါ တင်ဆက်ပေးချင်ပါတယ် ။ ပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့

  • Blender ( ဖျော်စက် )
  • Pineapple ( နာနတ်သီး )
  • Coconut Cream ( အုန်းသီးအနှစ် )
  • Orange Juice ( လိမ္မော်ရည် )
  • Ice Cubes ( ရေခဲတုံး )

ပထမဦးဆုံး နာနတ်သီးကို အခွံနွှာ၍ အလည်အူတိုင်ကို ထုတ်ပါ ။ ထို့နောက် အစိတ်သေးသေးလေးများ လှီးကာ ဖျော်စက်ထဲ ထည့်ပါ ။ ပြီးနောက် အုန်းသီးအနှစ်ကို အနေတော် သင့်ရုံထည့်ပါ ။ လိမ္မော်ရည် ကို နာနတ်သီး မြုပ်သည် အထိ ထည့်ပါ ။ နောက်ဆုံးအနေဖြင့် ရေခဲတုံးအနည်းငယ်ထည့်ကာ မွှေပါ ။ ထို့နောက် သောက်သုံးမည့် ဖန်ခွက်ထဲသို့ ထည့်ကာ သုံးဆောင်နိုင်ပြီ ဖြစ်ပါသည် ။

Jokerz

No comments:

Post a Comment