Thursday, September 19, 2013

ဇလွန်မြို့

ဇလွန်မြို့ သည် ဟင်္သာတ ခရိုင် ဇလွန်ုမြို့နယ်၏ ရုံးစိုက်ရာ မြို့ဖြစ်သည် ။ ခရိုင်၏ အရှေ့တောင်ဘက်ရှိ မြို့နယ်ဖြစ်၍ ဧရာဝတီမြစ်၏ အရှေ့တောင် တူရူ ၁၆ မိုင်ခန့် အကွာတွင် ရှိသည် ။ 

ဇလွန်မြို့ စည်ပင်ရေး အတွက် မြူနီစီပယ် အဖွဲ့ကို ၁၈၈၆ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့၍ နောင်သောအခါတွင် ဒေသန္တရ အုပ်ချုက်ရေး အောက်တွင် ထည့်သွင်းသည် ။ 

ဇလွန်မြို့သည် သင်္ဘောဆိပ်ကမ်းမြို့ ဖြစ်သဖြင့် ဟင်္သာတမှ လာသော သင်္ဘောများ နှင့် ရန်ကုန်မှ လာသော သင်္ဘောများ ဆိုက်ကပ်ရာ ဒေသ ဖြစ်လေသည် ။ အရေးကြီးသော ထွက်ကုန်မှာ ဆန်စပါး ဖြစ်သည် ။

မြစ်ရေ တိုးခြင်းဒဏ်ကြောင့် ကမ်းပါးပြိုသဖြင့် ဇလွန်မြို့ ကို ကုန်းတွင်းသို့ အကြိမ်ကြိမ် ပြောင်းရွှေ့ခဲ့ရသည် ။ မြို့ပေါ်ရှိ ထင်ရှားသော ဘုရားများမှာ ရုပ်ပွားတော် ပြည်တော်ပြန် ဘုရားကြီး နှင့် ရွှေရင်စေတီတော် တို့ ဖြစ်သည် ။

မြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ပေါင်း ၂၇၆ မိုင် မျှရှိသည် ။

No comments:

Post a Comment