Saturday, October 5, 2013

ဓမ္မရံကြီး ဂူဘုရား ( ပုဂံ )




















ဓမ္မရံကြီး ဘုရားသည် ပုဂံရှိ ရှေးဟောင်း ဂူဘုရား တစ်ဆူ ဖြစ်သည် ။ ဦးကုလား ရာဇဝင်တွင် ကောင်းမှုတော် ဓမ္မရံဟု ဖော်ပြထားသည် ။ ပမာဏကြီးမားသည်ကို အစွဲပြု၍ ဓမ္မရံကြီး ဟု တွင်ဟန်တူသည် ။ 

ယင်းဂူဘုရားကို သက္ကရာဇ် ၅၂၉ ခုနှစ်တွင် နန်းတက်သော ပုဂံမင်း နရသူ က တည်ခဲ့လေသည် ။ ဓမ္မရံကြီး ၏ ပုံသဏ္ဏာန်မှာ အာနန္ဒာဘုရား ပုံစံအား ယူ၍ တည်ဆောက်ထားဟန်တူသည် ။ သို့သော် အားနန္ဒာဘုရားကဲ့သို့ မသပ္ပါယ်ချေ ။ နရသူမင်းကြီးသည် ဓမ္မရံကြီးကို တည်ရာ၌ စေ့စပ်သေချာရန် အလို့ဌာ အကွပ်အကဲ ပြင်းထန်၏ ။ အုတ်နှစ်ချပ်အကြား၌ အပ်တစ်ဖျားဝင်သာရုံမျှ ဟနေလျှင်ပင် ပန်းရံသမားတို့အား သေဒဏ်ဖြင့် စီရင်သော ဟူ၏ ။ မင်းအာဏာဖြင့် ဤသို့ ကွပ်ညှပ်သောကြောင့် ယင်ဘုရား၏ လက်ရာသည် အခြားသော ပုဂံဘုရားများ၏ လက်ရာတို့ထက် ကောင်းမွန်သည်ကို တွေ့ရ၏ ။ သို့ရာတွင်  ရာဇဝင် အစောင်စောင်တို့က “ ကောင်းမှုတော် ဓမ္မရံ လုပ်သည်လည်း ၊ ကြောက်ရွံ့ခြင်း ပြင်းသောကြောင့် ၊ စေ့စပ် သေချာလွန်း၍ မပြီးလေ ” ဟု မှတ်တမ်းတင်လေသည် ။ ယင်းဘုရား၏ ပမာဏမှာ ပုဂံဘုရားတို့တွင် အကြီးဆုံး ဖြစ်လေသည် ။

No comments:

Post a Comment