Thursday, October 10, 2013

ကျွန်တော့်ကို နမ်းပါဂျာ



















တစ်နေ့တွင် မောင်ရွှေဘ နှင့် မမြစိန် တို့ လင်မယား စကားများ ရန်ဖြစ်ကြလေသည် ။ ထို့ကြောင့် တစ်ဦး နှင့် တစ်ဦး တစ်နေကုန် စကားမပြောကြပဲ နေကြသည် ။ ညရောက်သောအခါ မောင်ရွှေဘ က သူ့မိန်းမ ကို ပြန်ချော့ချင်သောကြောင့် အိပ်ယာထက်အရောက်တွင် ......

မောင်ရွှေဘ ။   ။ မိန်းမ ကိုယ် မင်းကို တစ်ချက်လောက် နမ်းချင်တယ်ကွာ ။

မမြစိန် ။   ။ မနမ်းနဲ့ ။

မောင်ရွှေဘ ။   ။ ကိုယ်မင်းကို ရွှေဆွဲကြိုးလေး ဝယ်ပေးမယ်လေ ။ နမ်းပါရစေကွာနော် ။

မမြစိန် ။   ။ မဝယ်ပေးနဲ့ ၊ နမ်းလည်း မနမ်းနဲ့ ။

မောင်ရွှေဘ ။   ။ မိန်းမကလည်းကွာ ။ ဟိုတစ်နေ့က မင်းကြိုက်တယ်ဆိုတဲ့ ကားလေး ဝယ်ပေးမယ်ကွာ ။ တစ်ချက်လောက်တော့ နမ်းချင်တယ်နော် ။

မမြစိန် ။   ။ ဘာမှ မလိုချင်ဘူး ၊ လာမနမ်းနဲ့ ။

မောင်ရွှေဘ ။   ။ ကိုယ်တို့တွေ ပြင်ဥိးလွင်ကို တစ်ခေါက်လောက်သွားလည်ကြမယ်လေ ။ တစ်ချက်ပဲ နမ်းပါရစေ ။

မမြစိန် ။   ။ ရှင့်ကို ကျွန်မ ပြောပြီးသား ဘာမှ မလိုချင်ဘူးလို့ ၊ လာလည်း မနမ်းနဲ့ ။

ဤတွင် အိပ်ယာတစ်ဖက်တွင် အိပ်နေသော သားဖြစ်ူ မောင်ဘစိန် ပြောလိုက်သည်မှာ ......

မောင်ဘစိန် ။   ။ အာ ....... ဖေကြီးကလည်းဂျာ ၊ ကျွန်တော့်ကို နမ်းပါဂျာ ၊ ဒါပေမဲ့ စက်ဘီးတော့ဝယ်ပေးရမယ်နော် ။

Jokerz ( ဘာသာပြန်သည် )

No comments:

Post a Comment